မြန်မာ-ဂျပန် အသင်း၏ ပညာရည် ထူးချွန် ကျောင်းသား၊ ကျောင်းသူ များ ဂျပန်နိုင်ငံ လေ့လာရေး အစီအစဉ် ၂ဝ၁၄ အဆိုပြုလွှာ များ ခေ ယူ
မြန်မာနိုင်ငံနှင့်
ဂျပန်နိုင်ငံတို့ အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့မှု အနှစ်(၆ဝ) ပြည့်
အထိမ်း အမှတ် လှုပ်ရှားမှု အဖြစ် မြန်မာ-ဂျပန်အသင်း (MJA) မှဦးစီး၍ ၂ဝ၁၄
ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်
ကျောင်းသား၊ ကျောင်းသူများ အနက်မှ ၂ဝ အား
ရွေးချယ်ပြီးလျှင် ''မြန်မာ-ဂျပန် အသင်း၏ ပညာရည် ထူးချွန်ကျောင်းသား၊
ကျောင်းသူများ ဂျပန်နိုင်ငံ လေ့လာရေး အစီအစဉ်''အဖြစ် ဂျပန်နိုင်ငံသို့ ၇
ညအိပ် ၈ ရက် လေ့လာရေး ခရီးစဉ်အား ၂ဝ၁၄ ခုနှစ် စက်တင်ဘာလဆန်းတွင် စေလွှတ်
သွားမည် ဖြစ်သည်။
အဆိုပါ အစီအစဉ် အတွက် ထူးချွန်ကျောင်းသား၊
ကျောင်းသူများအား ရွေးချယ်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ
(နေပြည်တော် ကောင်စီနယ်မြေ အပါအဝင်)အလိုက်မှ သိပ္ပံဘာသာတွဲဖြင့် ထူးချွန် စွာ
အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူတစ်ဦး စီဖြင့် ၁၅ ဦး နှင့်
ဝိဇ္ဇာ ဘာသာ တွဲဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင် ထူးချွန်စွာ
အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ငါးဦး ပေါင်း၂ဝ အား
ရွေးချယ်သွားမည် ဖြစ်သည်။
၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ
အောင်မြင်ခဲ့သူများ အနက်မှ အမှတ်စာရင်းများ အလိုက် ထူးချွန်ကျောင်း သား၊
ကျောင်းသူများအား ပဏာမအဆင့် စာရင်းဝင်သူများ အဖြစ် သတ်မှတ် ရွေးချယ် ၍
မြန်မာ-ဂျပန်အသင်းမှ ဆက်သွယ် အကြောင်းကြားလျက် ရှိပြီး နောက်ဆုံးအဆင့်ကို
စိစစ်ရွေး ချယ် ဆောင်ရွက် သွားမည် ဖြစ်သည်။
ပဏာမအဆင့် စာရင်းဝင်ပါရှိသူ ကျောင်းသား၊
ကျောင်းသူများသည် ''လေ့လာရေး အစီအစဉ်အတွက် သတ်မှတ်ထားသော အဆိုပြုလွှာ
ပုံစံများ''ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပညာရေးမှူးရုံး
များတွင် ဖြစ်စေ၊ မြန်မာ-ဂျပန်အသင်း ရန်ကုန်ရုံးတွင် ဖြစ်စေ ဆက်သွယ်
ရယူပြီး မြန်မာ-ဂျပန် အသင်းရုံး ရန်ကုန်မြို့သို့ ဇူလိုင် ၁၅ ရက်
အရောက်ပေးပို့ လျှောက်ထားကြရမည် ဖြစ်သည်။ လူတွေ့စစ်ဆေးမှုများ အတွက် ဆက်သွယ်
အကြောင်း ကြားမည် ဖြစ်သည်။ ပဏာမအဆင့် စာရင်း
ဝင်ပါရှိသူများအနေဖြင့် အဆိုပြုလွှာများ
ထုတ်ယူ၊ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ သိရှိစုံစမ်းလိုပါက မြန်မာ-ဂျပန်အသင်း
အမှတ် (၃၄/၄၉) ၃ လွှာ(တတိယထပ်) မဟာဗန္ဓုလ ပန်းခြံလမ်း ကျောက်တံတားမြို့နယ်
ရန်ကုန် တိုင်း ဒေသကြီး ဖုန်း-ဝ၁-၃၇၂၉၇၇-၈ဝ (လိုင်းခွဲ-၁၂ဝ)၊
ဖုန်း-ဝ၉-၈၇ဝဝ၃၄၅၊ ဖုန်း-ဝ၉-၄၂ဝဝ၁၈ဝ၃၁ တို့သို့ ဆက်သွယ် နိုင်ကြောင်း
သိရသည်။
No comments:
Post a Comment