Tuesday, July 1, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ၀က်လက် မြို့နယ် လုံးကျွတ် ပညာသင်ဆုပေးပွဲ အခမ်းအနား တက်ရောက်

 





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံ) သူရဦးအေးမြင့် သည် ဇွန်လ(၂၉) ရက်နေ့ နံနက် (၉) နာရီတွင် ၀က်လက်မြို့ အခြေခံပညာ အထက် တန်းကျောင်း ၌ ကျင်းပသော ၀က်လက်မြို့နယ် လုံးကျွတ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား သို့ တက်ရောက်ပြီး ကျောင်းသားလူငယ်များအတွက် ပညာရေးဆိုင်ရာ ဂုဏ်ပြု အမှာ စကားပြောကြား၍ ထူးချွန်ဆုရရှိသူ ဆရာ ဆရာမများနှင့် ပညာရည်ချွန် ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ဗဟိုကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင်နှင့် ၀က်လက်မြို့နယ်များမှ ပါတီကော်မတီ ၀င်များ၊ ၀က်လက်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊ ဆုရကျောင်း သား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ မိဘပြည်သူများ စုစုပေါင်း အင်အား ၅၀၀ ခန့်တက်ရောက်သည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၀က်လက်မြို့နယ်လုံးကျွတ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကို ဒုတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၁၃၂ ဦးနှင့် ဆရာ ဆရာမ ၃၆ ဦးကို ဆုချီးမြှင့်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကလည်း ကျောင်းသား ကျောင်းသူ ၂၀၈ ဦးကို ပညာရည်ချွန် ဆုချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top