မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင် တန်းဖွင့် လှစ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ဖွင့်လှစ်သော ပြည်သူ့ ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၉) နာရီ အချိန်တွင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ အဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းတွင် ပါတီနှင့် ပြည်သူတို့၏ ဆက်ဆံဆောင်ရွက်ရမည့် နမ်းလမ်းများကို မဟာဗျူဟာမြောက် ပို့ချ၍ (၂၀၁၅) အောင်နိုင်ရေးကို အဓိကရည်မှန်းထား ပါကြောင်း၊ နည်းလမ်းများ၊ ပို့ချမည့်ဘာသာရပ်ကို ဂရုတစိုက် လိုက်နာမှတ်သား ကြစေလိုကြောင်း၊ လူထုစစ်တမ်းကောက်ယူရေး (Door-to-Door) သင်ခန်းစာ ပါဝင်သဖြင့် ပြည်သူထံအရောက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်ဖြစ်ကြသော ဦးတင်ဦး၊ ဦးဂျေကလက်၊ ဦးအောင်ခင်၊ ဦးခင်မြင့်၊ ဦးအောင်ဆန်း (မယ်စဲ့မြို့နယ်တာဝန်ခံ)၊ ဦးကျော်မြင့် (ဖားဆောင်းမြို့နယ်တာဝန်ခံ)၊ ဘောလခဲခရိုင်မှ ဦးကျော်သန်း၊ ဦးစိုင်းထွန်းရွှေ၊ မယ်စဲ့မြို့နယ် အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီဝင်များ၊ မယ်စဲ့မြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်၊ ၀မ်ကန်/နန်းမန်း/ပန်တိန်း/နန်းပိန်းလင်/ ဟိုစဲ့/မယ်ဆည်နမ်ကျေးရွာအုပ်စု တို့မှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး အပါအ၀င် စုစုပေါင်း အင်အား (၆၀)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment