Tuesday, July 22, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် နေပြည်တော်လွှတ် တော်လေ့လာရေးအဖွဲ့ ၀င်များအားနှုတ်ဆက်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်တိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယနေ့နံနက် ဇူလိုင်လ(၂၁) ရက်နေ့ နံနက် (၈) နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်း ပြည်ထောင်စုခန်းမ၌ နေပြည်တော်လေ့လာရေးခရီးစဉ် လာရောက်ကြသော စစ်ကိုင်းတိုင်းဒေသ ကြီး ဆားလင်းကြီးမြို့နယ်နှင့် ထီးချိုင့်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရပ်/ ကျေးစည်းရုံးရေးမှူး ပါဝင်သည့် အဖွဲ့များအား တွေ့ဆုံနှုတ်ခွန်းဆက်အမှာစကားပြောကြား သည်။




အဆိုပါတွေ့ဆုံခြင်း အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်( အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးထွန်းမြင့်(အမျိုးသားလွှတ် တော်ကိုယ်စား လှယ်)၊ ဦးစိုးစိုး(ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးမင်းမင်းဇေယျာမြင့်(ဗဟိုကော် မတီဝင်)နှင့် ဆားလင်းကြီးမြို့နယ်နှင့် ထီးချိုင့်မြို့နယ်ပါတီများမှ လေ့လာရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၃၅ ဦးတက်ရောက် ကြသည်။ နေပြည်တော်လေ့လာရေးခရီးစဉ်တွင် ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျား ၅၁ ဦးနှင့် မ ၃၁ ဦး၊ ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျား ၃၉ ဦးနှင့် မခြောက်ဦး စုစုပေါင်း ၁၂၇ ဦးလိုက်ပါလာခဲ့သည်။ ၎င်းတို့သည် နေပြည်တော် သတ္တဌာနဗုဒ္ဓဂယာနှင့် ဥပ္ပါတသန္တိစေတီတော်ကြီးအားဖူးမြော်ကြည်ညိုကြပြီး လွှတ်တော်အဆောက် အအုံများ၊ ပါတီဌာနချုပ်၊ ၀ဏ္ဏသိဒ္ဓိအားကစား Complex, Junction Center နှင့် ရေးပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ် တို့ကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top