ၾသစေၾတးလ် တကၠသုိလ္မ်ား အသိအမှတ်ပြု ပရိုဂရမ် ကို မြန်မာ နိုင်ငံ၌ သင်ယူနိုင်
သြစတြေးလျ တက္ကသိုလ် ၂၅ ခုမှ အသိအမှတ် ပြုထားသော Certificate IV နှင့် ညီမျှသည့် University Foundation ပရိုဂရမ်ကိ မြန်မာနိုင်ငံ CROWN Education Learning
Center ၌ စက်တင်ဘာလမှ စ၍ လေ့လာ သင်ယူနိုင်တော့မည် ဖြစ်ကြောင်း CROWN
Education မှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြား ချက် အရသိရသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်းအောင်
သို့မဟုတ် iGCSE အောင်မြင်သူများသည် မြန်မာနိုင်ငံမှ AMERICAN College
Program(Global Assessment Certificate) ကို ဦးစွာ ဝင်ခွင့်
လျှောက် ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ တက်ရောက်နေစဉ် အတွင်း
အထူးပြု ဘာသာရပ်များ ရွေးချယ်ရန် မလိုအပ်သေးဘဲ ပရိုဂရမ် ပြီးခါနီးမှသာ
မိမိတို့နှင့် သင့်လျော်မည့် ဘာသာရပ်များ ဥပမာ- အင်ဂျင်နီယာ၊ အိုင်တီ၊
စီးပွားရေးနှင့် Life Science စသည်ဖြင့် ရွေးချယ် သွားနိုင်ကြောင်း သိရသည်။
အသေးစိတ် သိရှိလိုပါက CROWN Education
အမှတ်(၂၇ဝ) ပထမထပ် အခန်း(၁ B) မြေနီကုန်း ပြည် လမ်း ဒဂုံစင်တာ(၂)နှင့်
ဓနလှိုင်တာဝါကြား ဖုန်း-ဝ၉-၇၃၂ ၇၃၂ ၇၇ နှင့် ဝ၉-၇၃၂ ၅၆၉၆၅ တို့သို့ ဆက်သွယ်
စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
No comments:
Post a Comment