မကောင်းဘူးလို့ပြောတာကို ကျေးဇူးတင်တယ်ဆိုတဲ့ စိုင်းစိုင်း
ယခုနှစ်တွင် ရိုက်ကူးမှုပိုင်း၌ အာရုံစိုက်ပြီးလုပ်နေသည့်
စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်၏ ဝေဖန်မှုများကို နားထောင်ပြီး
မကောင်းဘူးဟုပြော လာသည့် စကားများ ကိုလည်း ကျေးဇူးတင်ကြောင်း ပြောသည်။ ဘ၀ တစ်လျှောက်လုံးမှာတော့
ဝေဖန်မှုတွေ အများကြီးရှိတယ်။ အကုန်လုံးကို ကျွန်တော် နားထောင်တယ်။
လက်ခံနိုင်စရာ ရှိတဲ့ဟာကို ပြုပြင်သင့်တယ် ဆိုရင်လည်း
ကိုယ်တိုင်ပြုပြင်ခဲ့တယ်။ တချို့ ဟာတွေကြတော့ စေတနာနဲ့ ဝေဖန်တာ မှန်ပေမယ့်
ကိုယ်ပြုပြင်စရာ မရှိဘူးဆိုတဲ့ အရာ လည်းရှိပါတယ်။ တချို့အရာတွေဆို
နားထောင်တယ်။ ဝေဖန်မှုတိုင်းကို လေးလေးစားစားနဲ့ နားထောင်တယ်။ ကျွန်တော်
နားလည်ထားတာ ကတော့ ပရိသတ်က တကယ် ဒီသီချင်းကို နားမထောင်ဘူး။ ဒီကားကို
မကြည့်တော့ဘူးဆိုရင် ကောင်းတယ် ဆိုးတယ်လို့ ပြောစရာ မရှိတော့ဘူး။
စိတ်ကိုမ၀င်စား တော့တာ၊ မကောင်းဘူးလို့ ပြောနေသ၍ စိတ်ဝင်စားတယ်ဆိုတော့
မကောင်းဘူး လို့ပြောတဲ့ စကားသည်လည်း အင်မတန်ကျေးဇူးတင်ဖို့ကောင်းပါတယ်။
ကျွန်တော့်ကို အားပေးတယ်၊ ချီးကျူးတယ်၊ ဟေ့ကောင်လုပ်ထားကွ ဆိုတာလည်း
ကျွန်တော့်အတွက် ခွန်အားဖြစ်စေ သလို ဟေ့ကောင် မကောင်းဘူး၊ ညံ့တယ် ဆိုတာလည်း
ကျွန်တော့်ကို ခွန်အား ဖြစ်စေပါတယ်။ ဒါဟာလည်း စေတနာပါတယ် ဆိုတာကို
ကျွန်တော်နားလည်ပြီးသားပါဟု စိုင်းစိုင်းခမ်းလှိုင် က ပြောသည်။
စိုင်းစိုင်းခိုင်းလှိုင်သည် ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးလျက်ရှိသော
“မျက်ခုံးပေါ်ကလမ်းမ”တွင် ရှေ့နေ တစ်ယောက်၏ ကာရိုက်တာဖြင့်
သရုပ်ဆောင်ထားကြောင်း ပြောသည်။
No comments:
Post a Comment