ကမ္ဘာ့ အကြီးဆုံး ရေအောက် အပန်းဖြေ ဥယျာဉ်သစ် ဒူဘိုင်းတွင် ဖွင့်လှစ်မည်
ဒူဘိုင်းမြို့တွင် သာမန်အပန်းဖြေ ဥယျာဉ်နှင့် မတူသော ရေအောက်အပန်းဖြေ ဥယျာဉ်သစ် တစ်ခုကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။အဆိုပါ ရေအောက်အပန်းဖြေ ဥယျာဉ်သည် ၅ ဧက
အကျယ် အဝန်းရှိပြီး ၎င်းအပန်းဖြေ ဥယျာဉ်ကို နာမည်ကြီး ဟောလီးဝုဒ်
ရုပ်ရှင်ကားများ ဖြစ်သော Avatar နှင့် Pirates Of The Caribbean ရုပ်ရှင်
ဇာတ်ကားများကို ဖန်တီးခဲ့ရာတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင် အဖွဲ့က
ပျောက်ဆုံးနေ သည့် ရှေးဟောင်း မြို့ တစ်ခုသဖွယ် ဒီဇိုင်းထွင် တည်ဆောက်မည်
ဖြစ် သည်ဟု သိရသည်။
အဆိုပါ ရေအောက်အပန်းဖြေ ဥယျာဉ်ကို
ကမ္ဘာ့အကြီးဆုံး ရေအောက်ပန်းဥယျာဉ် တစ်ခုအဖြစ် ဖန်တီးသွား မည်ဖြစ်ပြီး၊
"Pearl of Dubai"ဟုအမည်သတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။
"Pearl of Dubai" အပန်းဖြေဥယျာဉ်သို့ လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသည်များ အနေဖြင့် အသက်အရွယ် မရွေး ရေအောက် အသက်ရှူကိရိယာဖြင့် ရေငုပ်ကာ ပင်လယ်အောက် ရှုခင်းများကို ခံစားနိုင်မည် ဖြစ် သည်ဟု သိရသည်။ အဆိုပါ ရေအောက် အပန်းဖြေဥယျာဉ်သည် ဒူဘိုင်းမြို့သို့ လာရောက်လည်ပတ်ရန် ကမ္ဘာ တစ်ဝန်းမှ ဧည့်သည်များကို ဆွဲဆောင် ပေးနိုင် မည်ဖြစ်ပြီး ရေ ငုပ်ခြင်းနှင့် ရေအောက် အသက် ရှူပိုက်သုံး ရေငုပ်သည့်ဈေးကွက်တွင် အမေရိကန်ဒေါ်လာ သုံးဘီလီယံ ခန့်အထိ ဝင်ငွေရရှိ စေနိုင် မည် ဟု မျှော်လင့်ရ ကြောင်း လော့စ်အိန်ဂျလိစ် အခြေစိုက် ရေအောက် ခရီးသွားလာရေး ဆိုင်ရာ ကုမ္ပဏီ တစ်ခုဖြစ်သော Reef Worlds ကုမ္ပဏီက ပြောကြားသည်။

No comments:
Post a Comment