Monday, July 21, 2014

မန်ယူနည်းပြ တာဝန်ဟာ စိန်ခေါ်မှု ကြီးမားလွန်းပေမယ့် အကောင်းဆုံး ကြိုးစားမယ်လို့ ဗန်ဟားလ် ပြော










ဒတ်ခ်ျနည်းပြ လူးဝစ်ဗန်ဟားလ်က မန်ချက်စတာယူနိုက်တက် နည်းပြတာဝန်ဟာ ကြီးမားလွန်းတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပေမယ့် အကောင်းဆုံး ကြိုးစားသွားမယ်လို့ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗန်ဟားလ်ရဲ့ ပထမဆုံး မန်ချက်စတာယူနိုက်တက်နည်းပြဘ၀ သတင်းစာ ရှင်းလင်းပွဲကို မနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကျင်းပခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ကမ္ဘာ့အကျော်ကြားဆုံး အသင်းလို့လည်း ဗန်ဟားလ် အမွမ်းတင်ခဲ့ပါတယ်။
အဲ့ဒီနေ့က ဗန်ဟားလ် မိတ်ဆက်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထ၀င်ကစားသမားဟောင်း ဆာဘော်ဘီချာလ်တန်လည်း တက်ရောက်ပါသေးတယ်။ ဗန်ဟားလ်က’’ ပထမဆုံးရာသီမှာ ကျွန်တော့်ဘက်က အစွမ်းကုန် ကြိုးစားပေးသွားပါမယ်။ ဒါဟာ ကျွန်တော့်ဘက်က ပေးနိုင်တဲ့ တစ်ခုတည်းသော ကတိပါပဲ။ ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်ရင် မန်ချက်စတာယူနိုက်တက်က အကြီးဆုံးကလပ်အသင်းပါ။ ဒီကိုရောက်လာတဲ့ နှစ်ရက်အတွင်းမှာပဲ ဒီအသင်းအကြောင်းကို ကျွန်တော် ကောင်းကောင်း သိလိုက်ပါပြီ။ ဒီအသင်းနဲ့ အမြန်အထိုင်ကျအောင် ကျွန်တော် ကြိုးစားသွားမှာပါ။ ဒါပေမယ့် လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ အသင်းပိုင်ရှင်နဲ့ အမှုဆောင်ချုပ်တို့ဟာ ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့် ရှိပါတယ်’’လို့ ပြောပါတယ်။

No comments:

Post a Comment

back to top