နာပိုလီ အသင်းဟာ ဆွမ်ဆီးအသင်းက စပိန်ကွင်းလယ် တိုက်စစ်ကစားသမား မီချူးကို တစ်ရာသီ အငှားစာချုပ်နဲ့ ကြာသပတေးနေ့က ခေါ်ယူခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို စရောက်ချင်း ၂၀၁၂-၁၃ရာသီက ဆွမ်ဆီးအသင်းနဲ့ အထူးခြေစွမ်း ပြခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ ဒဏ်ရာပြဿနာတွေကြောင့် မီချူးဟာ အရင်နှစ်ကလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ခြေစွမ်းကို သဘောကျတဲ့ နာပိုလီအသင်းဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ မီချူးနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် နာပိုလီအသင်းဥက္ကဌ ဒီလော်ရီယန်းတေ့စ်က သူ့တွစ်တာအကောင့်မှာ “ကြိုဆိုပါတယ် မီချူး’’လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ အငှားစာချုပ်ပါ သဘောတူညီချက် တစ်ရပ်အရ နာပိုလီအသင်းဟာ မီချူးကို ရာသီကုန်ရင် အပြီးသတ်စာချုပ် ချုပ်ခွင့်ရမယ်လို့ သိရပါတယ်။
No comments:
Post a Comment