Monday, July 21, 2014

Miss Famous ဆုအတွက် မဲခြောက်သောင်းကျော်ရထားတဲ့ ဇွန်သံစဉ်

Miss Famous ဆု သည် Miss Universe Myanmar ဆုအတွက် အထောက်အကူမပြု သော်လည်း လက်ရှိအချိန်တွင် တိုင်တယ်ဆုတစ်ဆုကို မျှော်မှန်းနိုင်သောကြောင့် ပျော်ရွှင်ရကြောင်းMiss Famous ဆုအတွက် ပရိသတ်ပေးသည့် မဲအရေအတွက် ခြောက်သောင်းကျော် ရရှိနေသည့် ဇွန်သံစဉ် က ပြောသည်။
‘‘voting ပိတ်တဲ့အချိန်အထိ ပရိသတ်တွေ အားပေးကြပါဦး။ ပရိသတ်တွေ အားပေးရတာနဲ့ တန်အောင် ကြိုးစားပါမယ်’’ ဟု ဇွန်သံစဉ်က ပြောသည်။ မယ်စကြ၀ဠာမြန်မာပြိုင်ပွဲ ၀င်တစ်ဦးအနေဖြင့် သွားရောက်ခဲ့ရသော ဖူးခက်ခရီးစဉ်သည်၎င်းအတွက် အတွေ့အကြုံရရှိခဲ့သော ခရီးစဉ်တစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် Miss Famous ဆု မျှော်မှန်းနိုင်သလို  အခြားတိုင် တယ်ဆုများအတွက်လည်း ကြိုး စားသွားမည်ဟု ၎င်းက ဆိုသည်။
 ယဉ်ကျေးမှုတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတစ် ဦးဖြစ်သောကြောင့် ကျောင်း Assi-gnment အနေဖြင့် ယခု ရက်ပိုင်းတွင် အတ္တပုံရိပ်ဟု အမည်ပေးထားသည့် ဇာတ်ကားတွင် အဓိကသရုပ်ဆောင် တစ်ဦး အနေဖြင့် ပါဝင်ရိုက်ကူးခဲ့ကြောင်း ဇွန်သံစဉ်က ပြောသည်။
‘‘အတ္တပုံရိပ်ဆိုတဲ့ ကားလေး မှာ ပိုက်ဆံအရမ်းချမ်းသာချင်တဲ့ ကောင်မလေး။ နောက်ဆုံးမှာ တော့ လူသတ်မှုနဲ့ အဖမ်းခံရပြီး ရူးသွားတဲ့ပုံစံမျိုး ပါဝင်သရုပ် ဆောင်ထားတယ်’’ ဟု ၎င်းက ပြောသည်။
လတ်တလောတွင် မော်ဒယ် ဘက်၌သာ လှုပ်ရှားဖြစ်နေသော် လည်း ဇာတ်ကားရိုက်ကူးရန် ကမ်းလှမ်းမှုများရှိပါက ရိုက်ကူး သွားရန် အစီအစဉ်ရှိကြောင်း ၎င်း က ဆိုသည်။
Miss Universe Myanmar နောက်ဆုံးပြိုင်ပွဲအတွက် စခန်း သွင်းလေ့ကျင့်ခြင်းကို ဇူလိုင် ၁၉ ရက်တွင် ပြန်လည်စတင်မည်ဖြစ် ပြီး တစ်ဦးချင်း အရည်အချင်းစစ် ဆေးခြင်းကို ဇူလိုင် ၂၁ ရက်တွင် ပြုလုပ် သွားမည်ဖြစ်သည်။

 

No comments:

Post a Comment

back to top