အင်ဒိုနီးရှားရွေးကောက်ပွဲ မဲရလဒ်များ အင်္ဂါနေ့တွင် ကြေညာမည်
ဂျကာတာ−ဂျကာတာအုပ်ချုပ်
ရေးမှူးဟောင်း ဝီဒိုဒိုအနိုင်ရ ဖွယ်ရှိသည့် အင်ဒိုနီးရှား သမ္မတ ရွေးကောက် ပွဲရလဒ်များကို
ယခု အပတ်အတွင်း အင်္ဂါနေ့တွင် ကြေ ညာတော့ မည်ဖြစ်သော်လည်း ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း
ပရာဘိုဝို ဆူဘီယန်တိုဘက်က လည်း ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားပြီး ဥပဒေကြောင်းအရ စိန်ခေါ်မှုများ
လုပ်လာနိုင်ကြောင်း သိရသည် ။
ကမ္ဘာ့တတိယ အကြီးဆုံး ဒီမို ကရေစီရွေးကောက်ပွဲဖြစ်သည့် အင်ဒိုသမ္မတရွေးကောက်ပွဲတွင် မဲရလဒ်များ ကို
တရားဝင်ရေတွက် ကြေညာခြင်းမပြုမီကပင် ပြိုင်ဘက် သမ္မတလောင်းနှစ်ဦးစလုံး က ၎င်းတို့သာ အနိုင်ရကြောင်း
အသီးသီး ကြေညာခဲ့ကြသည်။
ယခုနှစ်ရွေးကောက်ပွဲမှာ
အင်ဒိုနီးရှားတွင် အာဏာရှင် ဟောင်း ဆူဟာတိုပြုတ်ကျပြီး နောက်
ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လည်း ဖြစ်သည် ။
ရွေးကောက်ပွဲရလဒ်များကို အင်္ဂါနေ့တွင် ကြေညာသွားမည် ဖြစ်ပြီး
နိုင်ငံ၏ကျွန်းငယ်ပေါင်း ၁၇,၀၀၀ ကျော် အနက် ကောက်ယူ ရရှိသော မဲပုံးပေါင်းသန်း ၁၃၀
ကျော်မှ မဲများကို ရေတွက်ပြီး ကြေညာရခြင်း ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်များ အ
ငြင်းပွားမှုဖြစ်လာပြီး တင်းမာမှု များ မြင့်တက်လာနိုင်ခြေရှိသော ကြောင့်
တရားဝင်မဲ ရလဒ်များကို ထုတ်ပြန်ချိန်တွင် နိုင်ငံတစ်ဝန်း၌ ရဲတပ်ဖွဲ့ ဝင်များကို
လုံခြုံရေးဖြန့် ချထားမည်ဖြစ်ကြောင်း ဆိုသည်။
ရာထူးမှထွက်ခွာတော့မည့်
လက်ရှိသမ္မတ ယူရိုယူနိုကလည်း သမ္မတလောင်းများကို ၎င်းတို့၏ ထောက်ခံ သူများအား လမ်းပေါ်
မရောက်ရေး ထိန်းသိမ်းကြရန် တိုက်တွန်းထားသည် ။
သမ္မတယူရိုယူနိုမှာ
နိုင်ငံ ကို သက်တမ်းနှစ်ဆက် ၁၀ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် လာမည့်
အောက်တို ဘာတွင် ရာထူးမှ ဆင်း ပေးမည်ဖြစ်ကာ ရွေးကောက်ပွဲ
အနိုင်ရသည့်သမ္မတလောင်းက ရာထူး ဆက်ခံမည်ဖြစ်သည်။
No comments:
Post a Comment