AIDS နှင့် အသည်းရောင် ရောဂါကို ရှာဖွေ ကုသ ပေးနိုင်သည့် ကိရိယာများ အီဂျစ် စစ်တပ် တီထွင်
အသည်းရောင်ရောဂါ
စီနှင့် AIDS ရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းရောဂါများကို
ကုသပေးနိုင်ရန် တီထွင် ထားသော Complete Cure Device အမည်ရှိကိရိယာများကို စမ်းသပ်မှုပြု လုပ်ရန် အချိန်
ခြောက်လကျော် လိုအပ်နေသေးကြောင်း ဇွန် ၂၉ ရက်တွင် အီဂျစ် စစ်ဘက်ဆိုင်ရာ
အင်ဂျင်နီယာအဖွဲ့က ပြောကြားခဲ့သည်။ မိမိတို့ အင်ဂျင်နီယာအဖွဲ့ အနေဖြင့်
သွေးနမူနာ ယူစရာမလိုဘဲ AIDS ၊ အသည်းရောင် ရောဂါနှင့် အခြား
ဗိုင်းရပ်စ်များကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းရောဂါ ခံစားနေရသူများ၏ သွေးကို
သန့်စင်ပေးနိုင်သည့် အံ့အား သင့်ဖွယ်ကောင်းသော ကိရိယာတစ်မျိုးကို
ထုတ်လုပ်ထားကြောင်း အင်ဂျင်နီယာအဖွဲ့၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်
ဂါမဲလ်အယ်လ်ဆီရာဖီ က ပြောကြားသည်။
Complete Cure Device ဟု အမည်ပေးထားသည့်
ကိရိယာများကို ပြည်သူလူထုထံ တရားဝင် ဖြန့်ချိမှု မပြုလုပ်မီ ၎င်းကိရိယာများကို
ထပ်မံ၍ စမ်းသပ်ရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် စစ်ဆေးရုံမှ ဆရာဝန်များ
အနေဖြင့် ၎င်းကိရိယာများအနက် တစ်ခုကို စတင်စမ်းသပ်မှုများ လုပ်ဆောင်နေ ပြီ
ဖြစ်ကြောင်း၊ ထို့ပြင် အီဂျစ်စစ်ဘက် အနေဖြင့်လည်း ၎င်းကိရိယာများကို
စမ်းသပ်မှုများ ပြုလုပ်ရန်နှင့် လူနာများကို ကုသနိုင်ရန် အတွက် စူးအက်
တူးမြောင်း တွင် ဆေးကုသမှု ဌာနတစ်ခု တည်ဆောက် သွားမည် ဖြစ်ကြောင်း
အယ်လ်ဆီရာဖီ က ပြောကြားခဲ့သည်။
No comments:
Post a Comment