ဝင်ငွေအကောင်းဆုံး ကျေးလက်တေးဂီတ နယ်လှည့်ဖျော်ဖြေပွဲအဖြစ် သတ်မှတ်ခံရတဲ့ တေလာဆွစ်ဖ်ရဲ့ Red ဖျော်ဖြေပွဲ
အမေရိကန် အဆိုတော် တေလာဆွစ်၏ Red အမည်ရ ကမ္ဘာလှည့်ဖျော်ဖြေပွဲ သည်
ကျေးလက်တေး ဂီတနယ် လှည့်ဖျော်ဖြေပွဲများအနက် ၀င် ငွေအကောင်းဆုံးအဖြစ် သတ်
မှတ်ခြင်းခံရသည်။
တေလာဆွစ်ဖ်၏ တစ်နှစ် သုံးလကြာသော Red ကမ္ဘာလှည့် ဖျော်ဖြေပွဲသည်
အမေရိကန်ဒေါ် လာ သန်း ၁၅၀ ကျော် ၀င်ငွေရရှိ ခဲ့ပြီး ကျေးလက်တေးဂီတ သီချင်း
အဆိုတော် စုံတွဲ တင်မက်ဂရော နှင့် ဖိတ်သဲဟေး တို့၏ Soul2Soul
ကမ္ဘာလှည့်ဖျော်ဖြေပွဲ ၀င်ငွေစံချိန် ကို ချိုးနိုင်ခဲ့သည်ဟု အမေရိကန်
ဘေလ်ဘုတ်မဂ္ဂဇင်း က ဖော်ပြ သည်။
Red ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကို ၂၀၁၃ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ၂၀၁၄
ဇွန်လ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ အဆုံး သတ်ခဲ့သည်။ ယင်းဖျော်ဖြေပွဲသို့
ပရိသတ် ၁ ဒသမ ၇ သန်းခန့် လာ ရောက်အားပေးခဲ့ကြသည်။
ဂရမ်မီဆု ခုနစ်ဆုရ တေ လာဆွစ်ဖ်သည် ၎င်း၏ တတိယ အကြိမ် ကမ္ဘာလှည့်ဖျော်ဖြေပွဲ
Redအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ ဖျော်ဖြေပွဲပေါင်း ၈၆ ပွဲ ပြု
လုပ်ခဲ့သည်။
တေလာဆွစ်ဖ်သည် ယခု နှစ်အစောပိုင်းတွင် ဘေလ်ဘုတ် ၏ ၀င်ငွေအကောင်းဆုံး အဆိုရှင် အဖြစ် ဒုတိယအကြိမ်မြောက် သတ်မှတ်ခံခဲ့ရသည်။

No comments:
Post a Comment