တရုတ်နှင့်တရုတ်တိုင်ပေ ပထမဆုံးဝန်ကြီးအဆင့်ဆွေးနွေးမည်
တရုတ်နိုင်ငံနှင့်
တရုတ်တိုင်ပေတို့သည် ပထမဆုံးအကြိမ် ၀န်ကြီးအဆင့် ဆွေးနွေးပွဲကျင်းပရန် စီစဉ်နေကြောင်း
အမေရိကန်နေ့စဉ်သတင်းဌာနက ယနေ့ဖော်ပြသည်။ တရုတ်အစိုးရသည် တရုတ်တိုင်ပေ ဆိုင်ရာ အထူးဝန်ကြီးအဖြစ်
တာဝန်ပေးအပ်ထားသော Zhang Zhijun ကို တရုတ်တိုင်ပေ သို့ စေ လွှတ်ပြီး လေးရက်ကြာမြင့်မည့်
ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားခြင်းကြောင့် တရုတ်နှင့်တရုတ် တိုင်ပေကြားတွင် ၁၉၄၀ ပြည့်နှစ်
နောက်ပိုင်း ပထမဆုံးအကြိမ် ၀န်ကြီးအဆင့်ဆွေးနွေးပွဲ ကျင်းပနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး
နှစ်နိုင်ငံပူးပေါင်းရေးဆိုင်ရာ အကြောင်းအရာများ ကို ဆွေးနွေးမည်ဟုဆိုသည်။
No comments:
Post a Comment