Thursday, June 26, 2014


ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများဆက်ဖြစ်နေဟုဆို
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော အလက်ဇန္ဒားဘိုရိုဒိုင်က ယူကရိန်း သမ္မတ ပိုရိုရှန်ကို ရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အတိုင်း ဖော်ဆောင်ရန် လွယ်ကူခြင်းမရှိကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။ ယမန်နေ့က ယူကရိန်းစစ်တပ်ပိုင်း ရဟတ်ယာဉ်တစ်စင်းပစ်ချခံရပြီးနောက်တွင် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် အစိုးရ တပ်များနှင့် ရုရှားလိုလားသည့် ခွဲထွက်ရေးအဖွဲ့များ တိုက်ပွဲများဆက်ဖြစ်နေသည်ဟု သိရသည်။ ဘိုရိုဒိုင်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ခွဲထွက်ရေးအဖွဲ့အများစုက လက်ခံခြင်းမရှိဟု ပြောသည်။

No comments:

Post a Comment

back to top