Miss Universe Myanmar 2014 ပြိုင်ပွဲဝင်အဖွဲ့ ပုဂံမှာ လေ့လာ လှူဒါန်းမှုများ ပြုလုပ်
Miss Universe Myanmar 2014 ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ဆန်ကာတင်အလှမယ် (၂၀)ဦးရဲ့ လူမှုရေးလှုပ်ရှားမှု ခရီးစဉ်တွေအနေနဲ့ ပထမဆုံးခရီးစဉ်အဖြစ် ရှေးဟောင်းယဉ်ကျေးမှု ဒေသဖြစ်တဲ့ ပုဂံက
တန်းခိုးကြီးဘုရားတွေကို ဖူးမြော်ခဲ့ကြပြီး အလှူငွေတွေကိုလည်း လှူဒါန်းခဲ့
ကြတယ်လို့ သိရပါတယ်။
Miss Universe Myanmar အဖွဲ့ဟာ သူတို့ရဲ့ ကနဦး ခရီးစဉ်အဖြစ် ပုဂံကို
ရောက်ရှိစဉ်မှာ ပုဂံဘုရားတွေနဲ့ လက်ရာအနုစိတ်အကျဆုံးဖြစ်တဲ့
ဓမ္မရံကြီးစေတီကို သွားရောက်ဖူးမြော်ခဲ့ကြပြီး ပုဂံဒေသရဲ့
ရှေးဟောင်းအမွေအနှစ် လက်ရာတွေကိုလည်း စိတ်ဝင်တစား လေ့လာခဲ့ကြတယ်လို့
သိရပါတယ်။ ဒါ့အပြင် Miss Universe Myanmar အဖွဲ့ဟာ ပုဂံရဲ့ အထင်ကရဖြစ်တဲ့
ယွန်းထည်လက်ရာ တွေရောင်းချတဲ့ Bagan House ကို ၀င်ရောက်ခဲ့ကြပြီး
ပုဂံယွန်းထည် လက်ရာတွေကို လည်း လေ့လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပုဂံမှာရှိတဲ့
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုလည်းသွားရောက်ခဲ့ပြီး အလှူငွေ
ငါးသိန်း အပါအ၀င် စာရေးကိရိယာပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တယ်လို့လည်း
သိရပါတယ်။ Miss Universe Myanmar 2014 ပြိုင်ပွဲဝင်အဖွဲ့ဟာ
ပြိုင်ပွဲခရီးစဉ်တစ်ရပ်ဖြစ်တဲ့ လူမှုရေးလှုပ်ရှားမှု ခရီးစဉ်ကို
ဇွန်လ(၂၂) ရက်နေ့ကနေ (၂၈)ရက်နေ့အထိ (၇)ရက်တာကာလအတွင်း ပုဂံနဲ့
ပြင်ဦးလွင်ဒေသတွေမှာ သွားရောက် ရိုက်ကူးမယ်လို့ သိရပါတယ်။

No comments:
Post a Comment