အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု
အခိုင်အမာ ရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy
ဆိုပြီး ထွက်ရှိထား တဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ
pepsi နဲ့ ဘယ်တော့ အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး
မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ ကတော့ လိုပါသေးတယ်။
အေသင်တို့
နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့
အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေး ပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း
အမေရိက ကို ပြန်ရဦး မှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူးဆိုတော့
တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း
ခဏခဏ ဖြစ် တယ်။ ပြီးရင် လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊
ပြန်တည့်လိုက် နဲ့ပဲ ဖြစ်နေတော့ တာပါပဲ။ အေသင် တို့ နှစ်ယောက်လုံးက
စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း
ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့
အတွက် တစ်ခါ တစ်လေ အရမ်းစိတ်ညစ် ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့
တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက
တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက်ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။
အချစ်ဆိုတာကို အေသင် နားလည်ထား တာကတော့ တကယ်တည်ငြိမ်ရင့်ကျက်တဲ့သူ
နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက
ဖွင့်ဟသွားပါတယ်။
No comments:
Post a Comment