Wednesday, June 11, 2014


"စိတ်ညစ်စရာကိစ္စတွေကြုံလာရင်ငယ်ငယ်ကအပူအပင်ကင်းတဲ့ဘ၀ကိုသတိရတယ်" ဆိုတဲ့ နေနေ
ငယ်စဉ်ကတည်းက အနုပညာပိုးအပြည့်နဲ့ သရုပ်ဆောင်ရော၊ အဆိုတော်ပါဖြစ်ချင်ခဲ့တဲ့ အဆိုတော် နေနေက သူမရဲ့ငယ်စဉ်ကအနာဂတ်ရည်မှန်းချက်တွေနဲ့ အမှတ်တရတွေကို ခုလိုပြောပြခဲ့ ပါတယ်။ "ငယ်ငယ်တုန်းက ၀ါသနာအိပ်မက်ကိုပြောရရင်တော့ ကြော်ငြာတွေလာရင် အဲဒီထဲက သရုပ်ဆောင်တွေ လိုမိျုး သီချင်းတွေ လိုက်ဆိုတတ်တယ်။ သရုပ်ဆောင်တွေလိုမျိုး သီချင်းတွေလိုက်ဆိုတတ်တယ်။ သရုပ်ဆောင်ရော အဆိုတော်ပါ ဖြစ်ချင်တယ်ပေါ့။ အနုပညာပိုကအပြည့်အ၀ပါခဲ့တယ်။ သီချင်းဆို တဲ့ဝါသနာကိုတော့လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး သရုပ်ဆောင်အလုပ်ကိုလဲ လုပ်တော့လုပ် ချင်တယ်။ ဒါပေမယ့် သိပ်မကျွမ်းကျင်သေးဘူး။ အချိန်ကိုစောင့်နေတာတော့မဟုတ်ပါဘူး။ အခုနောက်ပိုင်းလည်း အသက်အရွယ်အရ သရုပ်ဆောင်ရတာ သီချင်းဆိုတာထက် ပိုပင်ပန်းတယ်။ 
စိတ်နှစ် ရတယ်လို့ ထင်မိတယ်။ ခုချိန်မှာကိုယ်က အပင်ပန်းမခံနိုင်သလို သိပ်အာရုံမစိုက်နိုင်တော့ဘူး။ အစ်မရဲ့ငယ်ဘ၀ အမှတ်တရဆိုရင်တော့ အစ်ကငယ်ငယ်တုန်းက သုံးတန်းနှစ်လောက် မှာ တော်တော် ဆိုးခဲ့တာ။ အတန်းထဲက ကောင်မလေးတစ်ယောက်နဲ့ရန်ဖြစ်တော့ သူ့လည်ကုပ်ပေါ်ခွစီးပြီး ဆံပင်ဆောင့် ဆွဲဖူးတယ်။ နောက်လေးတန်းနှစ်မှာလည်း စာခိုးချလို့ ဘောင်းဘီချွတ်ပြီးအရိုက်ခံရတယ်။ အဲဒီအရွယ် မှာ ကျောင်းပြေးဖူးတယ်။ ကျောင်းသွားမယ်ပြောပြီး တစ်နေရာက သံပိုက်ခုံးပေါ်မှာ တစ်ယောက်တည်း သွားထိုင်ပြီး စိတ်ကူးယဉ်နေတာ။ အရမ်းဆိုးခဲ့တဲ့ ကာလတွေပေါ့။ တစ်ခါတစ်လေကျရင် အရမ်းစိတ်ညစ် တဲ့တွေ၊ အခက်အခဲတွေကြုံတဲ့အချိန်မှာ ဟိုးငယ်ဘ၀တုန်းက အပူအပင်ကင်းကင်း နဲ့ ဆော့ကစားခဲ့ ရတာတွေကို ပြန်သတိရမိတယ်။ အိမ်ထဲမှာ သောင်ကျန်းကြပြေးလွှားကြပေါ့။ အိုးပုတ်ကလေးတွေ လဲ ဆော့ခဲ့တယ်။ တစ်ခါတစ်လေ အဲဒီအချိန်လေးကို ခဏလေးပဲဖြစ်ဖြစ် ပြန်ရောက် သွားချင်မိတယ်"လို့ပြောပါတယ်။
ငယ်ငယ်က ခပ်ဆိုးဆိုး ကောင်းမလေးပြောင်းလဲသွားပြီးလာဆိုတော့ အားပါး တရရယ်မော ရင်း" တော်တော်ကြီးကိုပြောင်းခဲသွားပါပြီ။ အရွယ်သုံးမျိုးကို ကိုယ်ကဖြတ်သန်းလာခဲ့ ရတယ်ပေါ့နော်။ ကလေးအရွယ်၊ ဆယ်ကျော်သက်အရွယ်၊ အခုလူလတ်ပိုင်းအရွယ် အဲဒီသုံးမျိုးမှာ အခုဆိုရင် ကိုယ့်ကိုယ်ကိုယ် အရမ်းပြောင်းလဲသွားတယ်လိုထင်တယ်။ (၁၉)၊ (၂၀)လောက်တုန်း ကတောင်မှ တော်တော်လေး အတွေးခေါင်ခဲ့သေးတယ်။ ပြောသင့်တဲ့အရာတွေကို အပြောရဲတာ အဲ့ဒီလိုမျိုးပေါ့။ အခုအသက်အရွယ်မှာကျတော့ ကောင်းတာဆိုးတာတွေကို သေချာဝေဖန်ပိုင်းခြားပြီး ဘ၀ကိုကြံ့ကြံ့ခိုင်ခံ မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေဖြစ်လာတယ်။ အသက်ကြီးလာတာနဲ့အမျှပိုပြီး ပိုပိုပြီးလူကြီး ဆန်တတ်လာပါတယ်" လို့ဆိုပါတယ်။

No comments:

Post a Comment

back to top