ကင်ဝူဘင်နှင့် ဂိုအာရာတို့ Domino's ကုမ္ပဏီနှင့် ကြော်ငြာ ရိုက်ကူးရန် စာချုပ်ချုပ်ဆို
တောင်ကိုရီးယား
မင်းသားချော ကင်ဝူဘင်နှင့် မင်းသမီးချော ဂိုအာရာတို့သည် အမေရိကန်
စားသောက်ဆိုင် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Domino's ကုမ္ပဏီထုတ် ပီဇာ
မုန့်အသစ် အတွက် ကြော်ငြာ မော်ဒယ်လ် များအဖြစ် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။ ကင်ဝူဘင်နှင့် ဂိုအာရာတို့သည် Domino's ကုမ္ပဏီနှင့်
တစ်နှစ် စာချုပ်ချုပ်ဆိုထားကြောင်းဇွန် ၈ ရက်တွင် ၄င်းကုမ္ပဏီက ကြေညာခဲ့သည်။
တောင်ကိုရီးယား နိုင်ငံတွင် နာမည်ကြီးသော
ထိပ်တန်းကြော်ငြာ မော်ဒယ်လ်များမှာ Miss A အဖွဲ့မှ ဆူဇီ၊ ကင်ဆိုဟွမ်နှင့်
အခြား အနုပညာရှင်များ ဖြစ်ပြီး အဆိုပါ ထိပ်တန်း ကြော်ငြာ မော်ဒယ်လ်
စာရင်းတွင် ကင်ဝူဘင်နှင့် ဂိုအာရာတို့လည်း ပါဝင်ကြောင်း သိရသည်။
ကင်ဝူဘင်သည် School 2013 ဇာတ်ကားဖြင့်
လူကြိုက်များခဲ့သည့် မင်းသားချော တစ်ဦး ဖြစ်ပြီး ၄င်း၏The Heirs နှင့်
Friend 2 ဇာတ်ကား တို့သည်လည်း ပရိသတ် အားပေးမှု အများဆုံး ရရှိသည့်
ဇာတ်ကားများ ဖြစ်သည်။
ဂိုအာရာသည် Reply 1994 ဇာတ်ကားဖြင့်
ပရိသတ် အသိအမှတ်ပြု ခံရပြီး Your'reAll Surrounded ဇာတ်ကားသည်လည်း ဂိုအာရာ၏
အောင်မြင်သော ဇာတ်ကားကောင်း တစ်ခု ဖြစ်သည်။ ၄င်းတို့ နှစ်ဦးသည် ပီဇာမုန့် အသစ်အတွက်
ပရိသတ်ကို အကောင်းဆုံး ကြော်ငြာ ပေးနိုင်မည့် အနုပညာရှင်များ ဖြစ်မည်ဟု
ယုံကြည်ကြောင်း Domino's ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေး ဆိုင်ရာ
ညွှန်ကြားရေးမှူးက ထုတ်ဖော် ပြောကြားခဲ့သည်။
No comments:
Post a Comment