(၆၃)ကြိမ်မြောက် Miss USA ဆုကို အသက် ၂၄ နှစ်အရွယ်ရှိ နီဗားဒါး အလှမယ် ဆွတ်ခူး
အမေရိကန်ပြည်ထောင်စုတွင်
ဇွန် ၈ ရက် ညပိုင်းက ကျင်းပခဲ့သော (၆၃)ကြိမ်မြောက် Miss USA ပြိုင်ပွဲတွင်
နီဗားဒါးပြည်နယ် လာ့စ်ဗေးဂတ်ခ်မြို့မှ အသက် ၂၄ နှစ် အရွယ်ရှိ
နီယာဆန်းချက်ဇ် က Miss USA အလှမယ် သရဖူဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ဆန်းချက်ဇ်သည် အဆိုပါ သရဖူကို ကိုလံဘီယာ အပါ အဝင် ပြည်နယ် ၅ဝ မှ ပြိုင်ပွဲဝင် အလှမယ် ၅ဝ ကို ဖြတ်ကျော်၍ ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် First runner-up ဆုကို မြောက်ဒါကိုတာမှ အူဒရာမာရီက ရရှိခဲ့ ကြောင်း သိရသည်။ ကိုရီးယား တိုက်ကွန်ဒို ခါးပတ်ဆုကို
ရရှိထားသော ဆန်းချက်ဇ်သည် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည့် Miss
Universe ပြိုင်ပွဲ တွင် အမေရိကန်နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ရမည်
ဖြစ်သည်။
No comments:
Post a Comment