Wednesday, June 11, 2014


ဂျော်ဂျီယာနှင့် အမေရိကန် နိုင်ငံတို့ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း စတင် ပြုလုပ်
အမေရိကန်နှင့် ဂျော်ဂျီယာနိုင်ငံတို့သည် ဇွန် ၉ ရက် နံနက်ပိုင်းတွင်  ဂျော်ဂျီယာနိုင်ငံ မြို့တော် Tbilisi  အနီးရှိVaziani စစ်အခြေ စိုက်စခန်း၌ Agile  Spirit  2014 အမည်ရှိ  နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း အား  စတင်ပြုလုပ်ခဲ့ကြောင်း  ဂျော်ဂျီယာ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၃၅ဝ နှင့် ဂျော်ဂျီယာ စစ်ဘက်တပ်ဖွဲ့ဝင် ၅၅ဝ ကျော် ပါဝင် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်ရခြင်းသည် အာဖဂန်နစ္စတန် စစ်ဆင်ရေး၌ အမေရိကန်နှင့် ဂျော်ဂျီယာ တပ်ဖွဲ့ ဝင်များ  ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး NATO ၏ စံသတ်မှတ်ချက်များနှင့် အညီ ရည်ရွယ်လေ့ ကျင့်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအား အဆင့် သုံးဆင့်ဖြင့် ပြုလုပ် သွားမည် ဖြစ်ပြီး ဇွန် ၂၉ ရက်တွင်   ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

back to top