Wednesday, June 11, 2014


ဆီးရီးယားသမ္မတ ဘာရှာအယ် အာဆပ် မှ ထောင်သားများ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာ

ပြီးခဲ့သောတနင်္လာနေ့က  ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆပ်မှ အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ကျခံနေရသူများမှအပ ကျန်ရာဇ၀တ်မှုများဖြင့်ကျခံနေရသော ထောင်သားများအား အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ကြေညာပေးလိုက်ခြင်းအားဖြင့် ထောင်ထဲတွင်ရှိနေသော ဆွေမျိုးများအတွက် မ၀ံ့ မရဲမျှော်လင့်ချက်များဖြစ်ပေါ် လာစေသည်။


အစိုးရမှထိုသို့လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်းလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ထောက်ခံ ပြောကြား ခဲ့သော ထောင်ပေါင်းများသောလူများကိုမူပြန် လွှတ်ပေးရန်မဟုတ်ပေ။ အဆိုပါ လူများအား တိုင်းပြည်တွင်ဆူပူ အုံကြွမှုဖြစ်စဉ်က ဖမ်းဆီးထိန်းသိမ်း ထားခဲ့ခြင်းဖြစ်သည်။ သို့သော် လည်း မျှော်လင့်ချက်များကိုမူမြင့်တက်စေခဲ့သည်။

No comments:

Post a Comment

back to top