လက်တင် အမေရိကကို ဖြတ်ပြီး အင်္ဂလိပ်(၃)ဦး လမ်းလျှောက်

ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေ (၂၀၁၄)ကမ္ဘာ့ဖလားပွဲကို အားပေးဖို့ ဘရာဇီးလ်ကို အလုံးအရင်းနဲ့ လာရောက်နေကြချိန်မှာ အင်္ဂလိပ်လူမျိုး (၃)ဦးကလည်း ကီလိုမီတာ(၂)ထောင်နီးပါးကို (၃)လကြာ လမ်းလျှောက်ပြီး ဘရာဇီးလ်ကို လာခဲ့ကြပါတယ်။
သူတို့(၃)ဦးက သူငယ်ချင်းတွေဖြစ်ပြီး ပိဒ်ဂျွန်ဆင်က အသက်(၃၀)၊ အဒမ်ဘန်းက (၂၇)နှစ်နဲ့ ဒေးဗစ်ဘီဝစ်က (၃၂)နှစ် ဖြစ်ပါတယ်။ သူတို့က အရင်ဆုံး အာဂျင်တီးနားနိုင်ငံ မင်ဒိုဇာမြို့ကို လေယာဉ်နဲ့ လာကြပါတယ်။ အဲဒီကနေ ဘရာဇီးလ်နိုင်ငံ တောင်ပိုင်းက ပေါ်တိုအယ်လီဂရီမြို့ကို ခရီးရှည် လမ်းလျှောက်ကြတာ ဖြစ်ပါတယ်။ သူတို့ လျှောက်ခဲ့တဲ့ခရီးက (၁၉၆၆)ကီလိုမီတာ ရှိမယ်လို့ သူတို့က ဆိုပါတယ်။ အဲဒီခရီးအရှည်က သူတို့ရဲ့ အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဆု တစ်ကြိမ်ရခဲ့တဲ့ (၁၉၆၆)ခုနှစ်ကို ရည်ညွှန်းတယ်လို့ သူတို့က ပြောပါတယ်။ (၃)လအတွင်းမှာ သူတို့က တစ်ပတ်မှာ (၅)ရက်လမ်းလျှောက်ပြီး တစ်နေ့ကို အနည်းဆုံး (၂၅)ကီလိုမီတာ လျှောက်ခဲ့ပါတယ်။
No comments:
Post a Comment