အကြမ်းဖက်တိုက်ခိုက်မှုတွေကို အဆုံးသတ်ရမယ်လို့ ပြောကြားလိုက် သည့် ယူကရိန်းသမ္မတအသစ်
ယူကရိန်းနိုင်ငံမှာ
လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးမငြိမ်မသပ်မှုတွေကို ပြီးဆုံးသွားအောင် လုပ်ဆောင် သွားတော့မှာဖြစ်တယ်လို့
ယူကရိန်းသမ္မတ"ပေါ်ရိုရှန်က"ကပြောကြားခဲ့တယ်လို့
သိရပါတယ်။
ရွေးကောက်ပွဲခံ
ယူကရိန်းသမ္မတ"ပီထရို ပေါ်ရိုရှန်"က ကိဗ်ယက်မြို့မှာ တနင်္ဂနွေနေ့တုန်းက ကျင်းပတဲ့
ဥရောပနိုင်ငံများဆိုင်ရာ လုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းက သံတမန်ရေးအထူးအစည်း အဝေးပွဲအတွင်း
ဂျာမန်သံအမတ်နဲ့ ရုရှားသံအမတ်တို့နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ
ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို ဒီတစ်ပတ်အတွင်း ရပ်စဲအောင် ပြုလုပ် မှာဖြစ်တယ်လို့
ပြောကြားခဲ့တာဖြစ်ပါတယ်။
"ပေါ်ရိုရှန်ကို"ရဲ့
ပြောကြားချက် အရယူကရိန်းနိုင်ငံသားတွေ ဟာ နေ့တိုင်းလိုလို အပြစ်မဲ့ သက်သက် သေဆုံးနေရတဲ့အကြောင်းဟာ
လက်မခံနိုင်စရာ ဖြစ်တယ်လို့ လည်း ပြောကြား ထားပါတယ်။ သူကအခုလို လက်နက်ကိုင် စစ်သွေးကြွတွေ
တိုးပွားလာတာကိုရပ်တန့်ဖို့ ရုရှားနိုင်ငံနဲ့စပ်ဆက်နေတဲ့ နယ်နမိတ်တွေရဲ့လုံခြုံရေးကို
ပိုအလေးထားဖို့ လိုအပ်လာပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာဥရောပ သမဂ္ဂ EU မှတာဝန်ရှိသူတွေကိုလည်း
ရုရှားနဲ့ဆက်စပ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရုရှားနဲ့ယူကရိန်းနိုင်ငံဟာ နေ့တိုင်းဆွေးနွေးနေတယ်လို့
ပြောကြားထားပါတယ်။
No comments:
Post a Comment