ပြိုင်ပွဲဝင် (၃၂)နိုင်ငံမှ သံအမတ်များ ဘောလုံးဂျာစီနဲ့ ဓာတ်ပုံ တွဲရိုက်

တစ်ကမ္ဘာလုံး ပျံ့နှံ့နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ အရှိန်အဟုန်ဟာ ကမ္ဘာ့ကုလသမဂ္ဂအထိတောင် ရောက်ရှိလာပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် (၃၂)နိုင်ငံက သံအမတ်တွေဟာ သူတို့ဘောလုံးအသင်းရဲ့ ဂျာစီတွေဝတ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့အတူ တနင်္လာနေ့က ဓာတ်ပုံအတူ တွဲရိုက်ကြပါတယ်။ ကမ္ဘာ့ဖလားဖွင့်ပွဲ တက်ရောက်မယ့် ဘန်ကီမွန်းက "ဒီနေဒီမှာရှိတဲ့ သံအမတ်အချို့နဲ့ ကျွန်တော် ဘောလုံးကစားဖူးတာ အချို့သိကြမှာပါ။ ကောင်းတဲ့အကျိုးကတော့ ကျွန်တော် လက်ကျိုးသွားတာပါပဲ။ (၂)လတောင် ကုလိုက်ရပါတယ်။ ဒါကြောင့် ပီလီလို နောက်ပြန်ကန်နိုင်ဖို့ ကျွန်တော် မကြိုးစားတော့ပါဘူး။ ဒီနေ့စုစည်းမိကြတာဟာလည်း အားကစားရဲ့ အကောင်းဆုံး တန်ဖိုးပါပဲ။အသင်းလိုက် စုပေါင်း လုပ်ဆောင်မှု၊ တရားသဖြင့် မျှမျှတတ ဆောင်ရွက်မှုနဲ့ အပြန်အလှန် လေးစားမှုတို့ကို ကိုယ်စားပြုပါတယ်"လို့ ပြောပါတယ်။တောင်ကိုရီးယား နိုင်ငံသားဖြစ်တဲ့ ဘန်ကီမွန်းဟာ ဘောလုံးဝါသနာအိုး ပရိသတ်တစ်ဦး ဖြစ်ပါတယ်။
No comments:
Post a Comment