၂ဝ၁၄ ခုနှစ် အလုပ်အကိုင် ရှာဖွေပွဲ (မန္တလေး) သို့ လာရောက် လျှောက်ထားသူ ၇ဝဝ ကျော်ကို နေ့ချင်းပြီး အလုပ်ခန့်
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ASIA Speed General Service Co., Ltd နှင့်
ထီးလှိုင်ရှင် Business Group Essential
Employment Agencies တို့ ပူးပေါင်း ဆောင်ရွက်သော၂ဝ၁၄ ခုနှစ် အလုပ်အကိုင်
ရှာဖွေပွဲ (မန္တလေး) ကို ဇွန်လ ပထမပတ်က မန္တလေးမြို့ မြို့တော်ခန်းမ၌
ကျင်းပခဲ့ ရာ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၃၃ ခုက ပြခန်းများ ဖွင့်လှစ်၍ ကုမ္ပဏီ
အသီးသီး အတွက် လိုအပ်သော အလုပ်သမားများကို လျှောက်လွှာ ခေါ်ယူ ခဲ့ကြသည်။
အဆိုပါ အလုပ်အကိုင် ရှာဖွေပွဲ၌
ကုမ္ပဏီပေါင်း ၃၃ ခုသို့ အလုပ် လာရောက် လျှောက်ထားသူ ၁၆၅၈ ဦး ရှိသည့်အနက်
၇ဝဝ ကျော်ကို နေ့ချင်းပြီး အလုပ် ခန့်ထားပေးကာ ကျန်ရှိသူများကိုလည်း စိစစ်
ရွေးချယ်၍ ဆက်လက် ခန့်ထား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေပွဲများကို
မန္တလေးမြို့တွင် လေးကြိမ် ကျင်းပခဲ့ပြီး ၆၂ဝ၉ ဦး အလုပ်အ ကိုင်ရရှိအောင်
ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment