Wednesday, June 11, 2014

အမျိုးသား ဟော်ကီပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ် တက်






နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ တနင်္လာနေ့က ကစားတဲ့ ကမ္ဘာ့ဖလား ဟော်ကီပြိုင်ပွဲ အမျိုးသားအုပ်စု(A)ပွဲစဉ်မှာ အင်္ဂလန်က ဂျာမနီကို (၃)ဂိုး(၂)ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်သွားပါတယ်။ 

ကစားချိန် (၁၃)မိနစ်မှာ သောမတ်ဘရီယယ်သွင်းဂိုးနဲ့ ဘယ်ဂျီယံဂိုး စတင်ရပါတယ်။ ဒါပေမယ့် (၁၉)မိနစ်မှာပဲ နစ်ကက်လင်းက အင်္ဂလန်အတွက် ချေပဂိုး သွင်းလိုက်ပါတယ်။ ဒုတိယပိုင်း (၃၉)မိနစ်မှာ အက်ရှ်လေဂျက်ဆင်ရဲ့ သွင်းဂိုးနဲ့ အင်္ဂလန်ဒုတိယဂိုး ရပါတယ်။ ပွဲပြီးဖို့(၈)မိနစ် အလိုမှာပဲ တန်ဂိုင်းကိုဆင်းက ပိုင်နယ်တီ ကော်နာကနေ ဘယ်ဂျီယံအတွက် ချေပဂိုး သွင်းလိုက်ပါတယ်။ (၆၆)မိနစ်မှာတော့ အင်္ဂလန်က ပိုင်နယ်တီ ရသွားပါတယ်။ အင်္ဂလန်ရတဲ့ ပိုင်နယ်တီိက ဘယ်ဂျီယံရတဲ့ ပိုင်နယ်တီကော်နာထက် ဂိုးရခွင့်ပိုများပါတယ်။ အဲဒီပိုင်နယ်တီကို အိန်းလီယာက ၀င်အောင် သွင်းလိုက်လို့ အင်္ဂလန် အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်္ဂလန်က အုပ်စု(A)မှာ အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ် တက်သွားပါတယ်။

No comments:

Post a Comment

back to top