ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အန္တရာယ်ကင်း ပရိတ် တရားတော် များ လေးရက်တိုင်တိုင် ရွတ်ဖတ်မည်
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် မကြာခဏ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွား နေသဖြင့် ခရီးသွား များ သွားလာရာတွင် စိုးရိမ်မှုများ
ရှိနေကြသည့်အတွက် မမြင်တွေ့နိုင်သော အနှောင့်အယှက်များ ရှိနေလျှင်
အနှောင့်အယှက်မှ ကင်းဝေးရန်နှင့် အန္တရာယ်များ မဖြစ်ပွားနိုင်ရန် အတွက်
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များကို
လေးရက်ကြာ ရွတ်ဖတ် ပူဇော်သွား မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဇွန် ၅
ရက်မှစ၍ သံဃာတော် ၁၅ ပါးဖြင့် မန္တလေးမှ ရန်ကုန်၊ ရန်ကုန်မှ မန္တလေး
လမ်းတစ်လျှောက် အသွားအပြန် ပရိတ်တရား ရွတ်ဖတ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပရိတ်ရွတ်ဖတ်မှုကို ဇွန် ၅ ရက်
နံနက်ပိုင်းတွင် တံခွန်တိုင် အဝိုင်းမှ စတင် ထွက်ခွာမည် ဖြစ်ပြီး
အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်ခြင်းသည် မန္တလေးမြို့ရှိ ကျောက်စိမ်း
ကုန်သည်များ၏ အစီ အစဉ် ဖြစ်ပြီး ချမ်းမြသုခ အသင်းက အကူအညီ ပေးမည်ဖြစ်ကြောင်း
သတင်း ရရှိသည်။
No comments:
Post a Comment