Monday, June 2, 2014

မြန်မာအလှမယ် မေမြတ်နိုး Miss Asia Pacific World 2014 သရဖူ ဆွတ်ခူး 

 
 Miss   Asia Pacific  World  2014  ရွေးချယ်ပွဲကို တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့၌  နောက်ဆုံး အဆင့် ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ရာ အလှသရဖူ ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရရှိသွားသည်။
ထိုပြိုင်ပွဲကို ပြိုင်ပွဲဝင်ပေါင်း ၃၉ နိုင်ငံမှ အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ အလှမယ် မေမြတ်နိုးသည် အဆိုပါ ဆုရရှိမှုကြောင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ပထမဦးဆုံး သရဖူ ဆောင်းနိုင်ခဲ့သည့် အလှမယ်အဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့ပြီလည်း ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် 1ST Runner-Upကို  တောင်ကိုရီးယား အလှမယ်၊ 2nd Runner- Up ကို မကာအို အလှမယ်နှင့် 3rd Runner-Up ကို ဖိလစ်ပိုင် အလှမယ်တို့က အသီးသီး ရရှိ သွားကြောင်း သိရသည်။       

 

No comments:

Post a Comment

back to top