ဘရာဇီးသံအမတ်နှင့် Let's go အဖွဲ့သားများတွေ့ဆုံမည်
ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပရာ ဘရာဇီးနိုင်ငံသို့ သွား ရောက်ရိုက်ကူးမည့်
‘‘Let’s Go’’ အစီအစဉ်တွင် ပါဝင်သော အဆို တော်အဖွဲ့သားများကို မြန်မာ
နိုင်ငံဆိုင်ရာဘရာဇီးသံအမတ် ကြီးက တွေ့ဆုံရန် ဖိတ်ကြားခဲ့ ကြောင်း စီစဉ်သူ
ADMA Media မှ ဥက္ကဋ္ဌ ကိုဝေမင်းမောင်ကပြော သည်။
ဘရာဇီးသံအမတ်နှင့်
Let’s Go အဖွဲ့သားများဖြစ်သော လွှမ်း ပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊
နန်းမြတ်ဖြိုးသင်း၊ Bobby Soxer၊နန်းသူဇာတို့ခြောက်ဦးအပြင်
ယင်းအစီအစဉ်အတွက် စပွန် ဆာပေးသော Ve Ve အချိုရည် ကုမ္ပဏီကိုယ်စားလှယ်အဖြစ်
အလှမယ် မိုးစက်ဝိုင်၊ ကိုဝေမင်း မောင်တို့ ဇွန်လ ၄ ရက် ညနေ တွင်
တွေ့ဆုံကြမည်ဖြစ်သည်။
ကမ္ဘာ့ဖလားဘောလုံးပွဲနှင့်
ဘရားဇီးနိုင်ငံမြို့ကြီးသုံးမြို့ရှိ စိတ်ဝင်စားစရာနေရာများတွင် ဒါရိုက်တာ
ဝင်းလွင်ထက်က ရိုက်ကူးသွားမည်ဖြစ်သည်။ ဘရာဇီးနိုင်ငံသို့ဇွန်လ ၁၄
ရက်တွင်ထွက်ခွာမည်ဖြစ်ကာ ဆယ်ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်
‘‘Let’s Go’’ အစီအစဉ်အတွက် မြန်မာနိုင်ငံရှိ အထင်ကရမြို့များသို့ သွား
ရောက်ရိုက်ကူးထား သည်များကို မြ၀တီရုပ်သံလိုင်း၌ အပတ်စဉ် ပြသလျက်ရှိသည်။
ယခုခရီးစဉ် သည် ယင်းအစီအစဉ်အတွက် ပထမဆုံးသော ပြည်ပခရီးစဉ် ဖြစ်ပြီး
ရုပ်သံတွင် ပြန်လည်ထုတ် လွှင့်ပြသသွားမည်ဖြစ်သည်။

No comments:
Post a Comment