မြန်မာ တစ်နိုင်ငံ လုံး၌ တယ်လီနောမှ ဆက်သွယ်ရေး စခန်း ပေါင်း ၁ဝဝဝ ခန့် ထားရှိရန် လျာထား သော်လည်း ၈ဝဝဝ ထားရှိ သွားမည်
မြန်မာ
တစ်နိုင်ငံလုံး၌ ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ
လုပ်ကိုင်ခွင့်ရ တယ်လီနော ကုမ္ပဏီ အနေဖြင့် ဆက်သွယ်ရေး စခန်းပေါင်း ၈ဝဝဝ
ထားရှိသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူ တစ်ဦး၏
ပြောကြားချက်အရ သိရသည်။ အဆိုပါ ပထမဆုံး ဆက်သွယ်ရေး စခန်းများ ၁ဝဝဝ ခန့်အထိ
ထားရှိရန် လျာထားသော်လည်း ယခုအချိန်တွင် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ်
ရှိနေကြောင်း၊ တစ်လ လျှင် စခန်းပေါင်း ၃ဝဝ မှ ၄ဝဝ အထိ တည်ဆောက်သွားနိုင်မည်
ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာ ဖြင့် ကွန်ရက် ဖြန့်ကြက်မှုကို
လျင်မြန်စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု
လုပ်ငန်းများ စတင်ရာတွင် အများပြည်သူထံသို့ မိုဘိုင်းလ်တယ်လီဖုန်း
ဆင်းကတ်များ ကို ငွေကျပ် ၁၅ဝဝ အတိဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
ထို့အပြင် တယ်လီနောမြန်မာ၏ အင်တာနက်
ကွန်ရက်မှာလည်း 3G အင်တာနက်ကွန်ရက်သည် အသုံးပြု သူ များသောအချိန် တွင် 700
kbps မှ 1 Mbps အထိ ရှိနိုင်ပြီး အသုံးပြုနည်းသော အချိန်တွင် 4-6 Mbps အထိ
ရရှိနိုင် မည် ဖြစ်ကြောင်း၊ ထို့အပြင် တယ်လီနောမြန်မာ၏ 2G ကွန်ရက်သည်
ပုံမှန်အားဖြင့် အသုံးပြုသူ များသော အချိန်တွင် 100kbps မှ 150 kbps အထိ
ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
အလားတူ ဈေးကွက်အတွင်း LTE ပါဝင်သော
မိုဘိုင်းလ်ဖုန်း အသုံးပြုမှု ရှိလာချိန်တွင် တယ်လီနောမြန်မာ အနေဖြင့် 4G
LTE ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မိုဘိုင်းလ်
ဆင်းကတ်များ ရောင်း ချပေးရာတွင် ကြိုတင် စာရင်းပေးသွင်းမှု အစီအစဉ်များ
လုံးဝမရှိကြောင်း၊ လက်ရှိတွင် တာဝါတိုင် တည် ဆောက်ခြင်းများနှင့်
ဆက်သွယ်ရေးကွန်ရက်များ လုပ်ဆောင်နေပြီး စက်တင်ဘာလတွင် စတင်ရောင်းချပေး မည်
ဟု ကြေညာ ထားကြောင်း သိရသည်။
No comments:
Post a Comment