ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း များ၌ Mobile Team များဖြင့် စစ်ဆေးခြင်း များကို ယခု ဘဏ္ဍာရေး နှစ်တွင် စတင် ဆောင် ရွက်မည်
နိုင်ငံတကာမှ
ကုန်စည်ပို့ဆောင်ရေး ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်ရာဖြစ်သော
ရန်ကုန် တိုင်း ဒေသ ကြီးအတွင်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ ယခုနှစ်မှ
စတင်ကာ သက်ဆိုင်ရာမှ တရား မဝင် ကုန်သွယ်မှုများကို လှည့်လည်စစ်ဆေးရန် ဖွဲ့စည်းထားသော
ရွေ့လျား စစ်ဆေးရေးအဖွဲ့ (Mobile Team) များဖြင့် စစ်ဆေး
ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။ ရန်ကုန်မြို့၌ နိုင်ငံတကာမှ ပင်လယ်ကူး သင်္ဘောကြီးများ
ကုန်တင်ကုန်ချ ပြုလုပ်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး
ဆိပ်ကမ်း ကြီး ခုနစ်ခုရှိပြီး အဆိုပါ ဆိပ်ကမ်းများ မှာ အေးရှားဝေါလ်
ဆိပ်ကမ်း မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်း၊ ထီးတန်းဆိပ်ကမ်း၊
ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ အမှတ်(၄) သီလဝါ ဆိပ်ကမ်းနှင့် မြန်မာ
အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းတို့ ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ် မှု
ရွေ့ လျား စစ်ဆေးရေး အဖွဲ့ (Mobile Team) များ အနေဖြင့်
ပြီးခဲ့သည့်နှစ်များတွင် နယ်စပ်ဂိတ်များ၊ ရန်ကုန် ဆိပ်ကမ်း နယ်မြေများနှင့်
လေဆိပ်များ၌ စစ်ဆေး ခြင်းများနှင့် ဥပဒေအရ ဖမ်းဆီး အရေးယူခြင်းများ
လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင် တတိယအဆင့် ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ
ဆိပ်ကမ်းများ၌ ဝင်ရောက် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောသည်။
ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကမ်းများရှိ
ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်သော နေရာများတွင် သွားရောက် စစ်ဆေးခြင်း၊
လိုအပ်လျှင် ကွန်တိန်နာများကို ခွင့်ပြုချက် အမိန့်ဖြင့်
ဖွင့်ဖောက်စစ်ဆေးခြင်း၊ ဆိပ်ကမ်းများမှ ထွက်ခွာလာသော သင်္ဘောများပေါ်သို့
အရေးပေါ် သတင်းများအရ Spot Check လုပ်ကာ တက်ရောက် စစ်ဆေးခြင်း၊
သတင်းပေးများနှင့် စောင့်ကြည့်ရေးအဖွဲ့များ ထားရှိကာ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များအရ
မြန်မာနိုင်ငံ၌ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု ပမာဏ သည် နိုင်ငံတော်မှ
စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၈ဝ ရာခိုင်နှုန်းနီးပါး ရှိကြောင်း သိရသည်။
No comments:
Post a Comment