Wednesday, June 11, 2014

ရေအောက်မှာ ဘောလုံးကစားပြီး တောင်ကိုရီးယား အသင်းကို အားပေး






ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် တောင်ကိုရီးယားအသင်းကို အားပေးတဲ့အနေနဲ့ ရေငုပ်သမား တစ်ဦးဟာ ရေအောက်မှာ ဘောလုံး ကစားပြခဲ့ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ရှိ ကော့ရှ်(COEX )ငါးပြတိုက်မှ ထောင်ပေါင်းများစွာသော ပရိသတ်များရှေ့ မှာ ၄င်းရေငုပ်သမားက ဘောလုံးစွမ်းရည်တွေကို ခက်ခဲစွာ ကစားပြခဲ့ပါတယ်။ အဆိုပါပြတိုက်ရဲ့ မန်နေဂျာဖြစ်သူ ချွိုင်ယန်ဂျွန်းက "မကြာခင် စတင်တော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း ရလဒ်ကောင်းတွေ ယူနိုင်ဖို့ အားပေးတဲ့အနေနဲ့ အခုလို ပါဖောင်းမင့်လုပ်ဖို့ ပြင်ဆင်ခဲ့တာပါ" လို့ ပြောပါတယ်။လာရောက် ကြည့်ရှုသူ တစ်ဦးကလည်း ပြသမှုတွေ အလွန်ကောင်းမွန်ပါတယ်။ လက်ရွေးစင်အသင်း အောင်မြင်မှာပါလို့ ပြောခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့်(၅၇)မှာ ရပ်တည်နေတဲ့ တောင်ကိုရီးယား အသင်းဟာ အုပ်စု(H)မှာ ဘယ်လ်ဂျီယံ၊ အယ်လ်ဂျီးရီးယား ၊ရုရှားတို့နဲ့ ကစားရပါမယ်။

No comments:

Post a Comment

back to top