A Pink အဖွဲ့မှ Park Chorong ပါဝင်မယ့် Nine Boy ဇာတ်ကား
tvN ဒရမ်မာ ဇာတ်ကား ဖြစ်တဲ့ Nine Boy
ဇာတ်ကားမှာ A Pink Girl Band မှ အဆိုတော် Park Chorong ပါဝင် သရုပ်ဆောင်
မယ်လို့ သိရပါတယ်။ Chorong နဲ့အတူ BtoB Boy Band မှ Sungjae အပါအဝင် အခြား
သရုပ်ဆောင်တွေဖြစ်တဲ့ Kim Young Kwang, Kyung Soo Jin,Oh Jung Sae, Yoo Da
In တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။ A Pink Girl Band မှ Chorong နဲ့ BtoB
Boy Band မှ Sungjae တို့နှစ်ဦးဟာ အသက် ၁၉ နှစ် အရွယ် Soo Ah နဲ့ Kang Min
Goo အဖြစ် ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Nine Boy ဇာတ်ကားကိုတော့ Marriage, Not Dating ဇာတ်ကား အပြီး သြဂုတ်လ ကုန်ခါနီးမှာ ပြသ မယ်လို့ သိရပါတယ်။

No comments:
Post a Comment