ထိုင်းနိုင်ငံ NCPO ၏ အလုပ်သမားရေး ဆိုင်ရာ ဆောင်ရွက်ချက် များကို ကမ္ဘောဒီးယား နိုင်ငံ အထောက် အကူ ပြုမည်
ကမ္ဘောဒီးယား
ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ
ပြဋ္ဌာန်းရန် ထိုင်းနိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တရားဥပဒေ
စိုးမိုးရေးကောင်စီ (NCPO) ၏ ကြိုးပမ်း ဆောင်ရွက်ချက်များ အပေါ်ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် အထောက်အကူ
ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး Eat
Sophea က ကတိပြု ပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါ ကတိပြု ပြောကြားမှုကို
Eat သည် ဇွန် ၂၄ ရက်တွင် ထိုင်းစစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်သို့
သွားရောက်၍ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
တာနာဆက်ပါတီမာပရာ ဂွန်းနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့ကြောင်း နှင့်
၎င်းအလည်အပတ်ခရီးကို ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား
ဆက်ဆံရေးတိုးမြှင့်ရန်နှင့် အာဏာသိမ်းအစိုးရနှင့် ကောင်းမွန်သည့်
နားလည်မှုတစ်ရပ် ရရှိစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုတွင် ထိုင်းနိုင်ငံအတွင်း
အလုပ်လုပ်လျက်ရှိသော ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမား များကို
ကောင်းမွန်စွာ ဂရုပြု စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို
လူ့အခွင့်အရေးနှင့် အညီ ပိုမို ကောင်းမွန်သော လူမှုဘဝများ ရရှိစေရန်
ကူညီသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံက ကတိပြုခဲ့သည်။
ထို့အပြင် ထိုင်းနှင့် ကမ္ဘောဒီးယား
နိုင်ငံတို့သည် မကြာမီပြုလုပ်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC)
အတွက် ကြိုတင်ပြင်ဆင်ရာတွင် ပိုမိုခရီးရောက်မည့် အလုပ်သမား
ခန့်ထားမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို အချိန်တိုအတွင်း
တိုးမြှင့်လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး
ဆောင် ရွက်သွားရန် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
No comments:
Post a Comment