Thursday, June 26, 2014


အမေရိကန်အထူးတပ်ဖွဲ့ အီရတ်နိုင်ငံသို့ရှောက်ရှိ အီရတ်ပြဿနာ သည် ဒေသတွင်းနိုင်ငံများအတွက် အန္တရာယ်ရှိကြောင်း ဂျွန်ကယ်ရီ သတိပေး
စစ်ရေးကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသော အမေရိကန် အထူးတပ်ဖွဲ့သည် ယနေ့တွင် အီရတ်နိုင်ငံ သို့ ရောက်ရှိလာခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အဆိုပါ အထူးတပ်ဖွဲ့ကို အမေရိကန်သမ္မတအိုဘားမားက အီရတ်နိုင်ငံအား စစ်ရေးဆိုင်ရာ အကူအညီများပေးအပ်ရန် သဘောတူညီမှု ရယူထားခြင်းအတွက် ပထမဆုံးအကူ အညီအဖြစ် စေ လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အီရတ်မီဒီယာများက ဖော်ပြသည်။ အီရတ်နိုင်ငံသို့ ရောက်ရှိလာသော အထူးတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် ၃၀၀ ကျော်ပါဝင်ပြီး ဆွန်နီအစွန်းရောက် စစ်ကြွေးကြွအဖွဲ့များနှင့် တိုက်ပွဲ များဖြစ်ပွားနေသည့် နေရာများသို့ အဖွဲ့ငယ်များ ခွဲခြားသွားရောက်ကာ အကူအညီများပေး အပ်သွားမည်ဟု သိရသည်။ အီရတ်နိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရောက်ရှိခဲ့သည့် အမေရိကန် အကြံပေးအဖွဲ့သည် ဘဂ္ဂဒက်မြို့တွင် အခြေစိုက်၍ လိုအပ်သည့် အကြံပေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း အမေရိကန်စစ်ဦးစီးဌာနကချုပ်မှ ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အီရတ်အစိုးရက ဆွန်နီအစွန်းရောက် စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် အမေရိကန်အစိုးရ ဘက်မှ လေကြောင်းအကူအညီပေးရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်အစိုးရ ဘက်က ငြင်းဆန်ခဲ့ကြောင်း အမေရိကန်များက ဖော်ပြသည်။ အီရတ်မြို့ကြီးများကို သိမ်းပိုက်ထားသည့် ဆွန်နီအစွန်းရောက် စစ်သွေးကြွအဖွဲ့များသည် ၎င်းတို့သိမ်းပိုက်ထားသည့်မြို့ကြီးများတွင် ရှာရီယာဥပဒေကို စတင်ကျင့်သုံးမှုများ ပြုလုပ်နေခြင်းကြောင့် အဆိုပါမြို့ကြီးများရှိ အရပ်သားများမျာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီရတ်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် လူမျိုးစုခေါင်းဆော င်များနှင့် တွေ့ဆုံမှုများပြုလုပ်နေရာတွင် ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှ ခေါင်းဆောင်များနှင့် ယနေ့တွေ့ဆုံခဲ့ကြောင်း၊ ဂျွန်ကယ်ရီက အစွန်ရောက် စွန်သွေးကြွအဖွဲ့များကြောင့် အီရတ်ပြည်သူများ မလိုလားအပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရင်ဆိုင်နေရ၍ အစွန်းရောက်စစ်သွေးကြွအဖွဲ့များကို အီရတ်လူမျိုးစုအားလုံး စုပေါင်း၍ တိုက်ခိုက်သင့်ကြောင်း၊ အီရတ်ပြဿနာမှာ ဒေသတွင်းနိုင်ငံများအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု သတိပေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

No comments:

Post a Comment

back to top