ပါပါရာဇီကိုရှောင်ရင်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ ဂျပ်စတင်ဘီဘာ
ကမ္ဘာကျော် လူငယ် ပေါ့ပ်အဆိုတော် ဂျပ်စ တင်ဘီဘာသည် ဇွန်လ ၂၄ ရက်
နေ့လယ်တွင် ကယ်လီဖိုးနီးယား ပြည်နယ် ဘက်ဗာလီဟေးလ်စ် မြို့၌ ယာဉ်မတော်တဆမှု
ဖြစ်ပွား ခဲ့သည်။ ဂျပ်စတင်ဘီဘာ၏ အနက် ရောင် Escalade ကားသည် နောက်မှ တကောက်ကောက်
လိုက်နေသော ဓာတ်ပုံသတင်း ထောက် တစ်ဦးကို ရှောင်ရှားရန်
အရှိန်မြှင့်မောင်းစဉ် BMW ကား တစ်စီးနှင့် တိုက်မိ ခဲ့သည်။
BMW ကားသည် ဂျပ်စ တင်ဘီဘာ လိုက်ပါစီးနင်းလာ သော ကားအရှိန်ကို
ခန့်မှန်း ချက်လွဲခဲ့ပြီး ဂျပ်စတင်ဘီဘာ၏ ကားကို ၀င်တိုက်ခဲ့ခြင်းဖြစ်သည်
ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။ ထို့နောက်တွင် ဂျပ်စတင်ဘီဘာသည်
ပျက်စီးသွားသော ကားထဲမှ ထွက်လာပြီး အခြားကားတစ်စီးပေါ် တက်သွားခဲ့ သည်ဟု
သတင်းကဖော်ပြသည်။
ဂျပ်စတင်ဘီဘာသည် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး နောက် မကြာမီတွင် ၎င်း၏ တွစ်
တာစာမျက်နှာ၌ ကိုယ်တိုင်ရိုက် ဓာတ်ပုံတစ်ပုံတင်ခဲ့၍ ယာဉ် မတော်တဆမှုကြောင့်
စိတ်အ နှောင့်အယှက်မဖြစ်ဟု ပရိသတ် များက ယူဆကြသည်။ ယင်းမတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိဟုလည်း ဘက်ဗာလီဟေးလ်စ်မြို့ ရဲတပ်ဖွဲ့ က ပြောသည်။

No comments:
Post a Comment