မကွေးမြို့နယ် ပြည်ခိုင်ဖြိုးနှင့် အလှူရှင်များ စုပေါင်း၍ ကျောင်းသုံး ဗလာ စာအုပ်များ လှူဒါန်း
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အလှူရှင်များ စုပေါင်း၍ ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းပွဲကို ဇွန်လ ၂၃ ရက် နံနက် ၉ နာရီအချိန်က ကြည်တစ်လုံးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သိန်းကျော်နှင့် အလှူရှင်များက ကျောင်းသားတစ်ဦး ဗလာစာအုပ်တစ်ဒါဇင် နှုန်းဖြင့် ကြည်တစ်လုံးကျေးရွာ အတွက် ဒါဇင် ၉၀၊ ကန်သာကျေးရွာအတွက် ဗလာစာအုပ် ၄၅ ဒါဇင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်လှူဒါန်းပွဲသို့ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ရပ်မိရပ်ဖများနှင့် ကျောင်း သားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment