ဥပဒေပြု အဖွဲ့သစ် ဖွဲ့စည်း နိုင်ရန် အတွက် ဆန္ဒမဲ ပေးမှုများ လစ်ဗျား နိုင်ငံတွင် စတင်
လစ်ဗျား
နိုင်ငံသားများသည် ၎င်းတို့နိုင်ငံ၏ ဥပဒေပြုအဖွဲ့သစ် ဖွဲ့စည်းနိုင်ရန်အတွက်
ဆန္ဒမဲပေးမှုများကို ဇွန် ၂၅ ရက်တွင် စတင်ခဲ့ကြသည်ဟု သိရသည်။
ဥပဒေပြုအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးအတွက်
ဆန္ဒမဲပေးမှုများ စတင် လုပ်ဆောင်ခြင်း သည် နိုင်ငံတွင်း၌ ဖြစ်ပွားနေသော
ဝရုန်းသုန်းကား အခြေအနေများကို လျော့ပါးစေ မည်ဟု မျှော်လင့် မိကြောင်း
ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ လစ်ဗျားနိုင်ငံသည် ဖြုတ်
ချခံ ခေါင်းဆောင်ဟောင်း မူအာမာဂဒါဖီကို အကူအညီပေးနေသည့် မျိုးနွယ်စုများ၊
ပြည်သူ့စစ်အဖွဲ့နှင့် လက်နက်ကိုင် သူပုန်များ၏ တိုက်ခိုက်မှုကြောင့်
၎င်းကိစ္စရပ်များကို တာဝန်ယူ ဖြေရှင်းပေးနိုင်မည့် အစိုးရ အဖွဲ့နှင့်
ဥပဒေပြုအဖွဲ့သည် အလွန်လိုအပ်နေသည့် အချိန်ဖြစ်သည်။
ထို့အပြင် နိုင်ငံတွင်းရှိ
ရေနံမြေများနှင့် သင်္ဘောဆိပ်ကမ်းများ၌ လက်နက်ကိုင်သူပုန် အဖွဲ့များ၏
သောင်း ကျန်းမှု အမျိုးမျိုးကြောင့် ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော
ကာလလည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတွင်း ၌ ဖြစ်ပွားနေသော ပဋိပက္ခ
အခြေအနေများကို ဖြေရှင်းနိုင်မည့် ဥပဒေပြု အဖွဲ့သစ် ဖွဲ့စည်းနိုင်ရန်
ဆန္ဒမဲခံယူမှုများ ပြုလုပ်ခြင်းသည် လစ်ဗျားနိုင်ငံကို မိမိဘာသာ
ရပ်တည်နိုင်သော နိုင်ငံ တစ်ခု အဖြစ် ပြန်လည် တည်ဆောက် ပေးနိုင်မည်ဟု
မျှော်လင့်မိကြောင်း လစ်ဗျားနိုင်ငံ၏ မဟာမိတ် နိုင်ငံများက ပြောကြားသည်။
No comments:
Post a Comment