Wednesday, June 11, 2014

ကိုရီးယားနိုင်ငံ၏ အလှအပများ ရိုက်ကူး တင်ဆက်ရာတွင် အစီအစဉ် တင်ဆက်သူအဖြစ် ထားထက်ထက်ကို ကမ်းလှမ်းခဲ့ 


တောင်ကိုရီးယား လေကြောင်းလိုင်း တစ်ခုမှ ကိုရီးယားနိုင်ငံ၏ အလှအပများ ရိုက် ကူး တင်ဆက်ရာတွင် အစီအစဉ် တင်ဆက်သူ အဖြစ်  ထားထက်ထက် ကို ကမ်းလှမ်းခဲ့ကြောင်း သိရသည်။  ဇွန် ၁၂ ရက်မှ ၁၈ ရက်အထိ တောင်ကိုရီးယား နိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက်ရမည့် အစီအစဉ်နှင့် ပတ်သက် ၍ ''၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ ကိုရီးယား နိုင်ငံရဲ့ အလှအပတွေနဲ့  အထင်ကရ နေရာတွေကို  သွားရောက် ရိုက်ကူးမှာပါ။ အစီအစဉ် တင်ဆက် သူ တစ်ယောက်အနေနဲ့ ထားထက်ထက် ပါဝင်ရမှာပါ။ ပထမတုန်းက ကိုရီးယားနိုင်ငံက နာမည်ကြီး ရုပ်သံတစ်ခုဖြစ်တဲ့ KBS ရုပ်သံဘက်ကနေ မြန်မာနိုင်ငံရဲ့ အလှအပ တွေကို လာရောက် ရိုက်ကူးထားတာ ရှိတယ်။ ဒီတစ်ခါတော့ ကိုရီးယား လေကြောင်းကနေ ပြီးတော့ သူတို့ နိုင်ငံရဲ့အလှအပတွေကို ရိုက်ကူးသွားမှာပါ'' ဟု သူမက ပြောပြသည်။
ယခုလို ကိုရီးယား နိုင်ငံ၏ ကမ်းလှမ်းမှုကို လက်ခံခြင်းမှာ နှစ်နိုင်ငံ ရိုးရာဓလေ့ကို ပြန်လည်မျှဝေတဲ့ အစီအစဉ်လေး ဖြစ်လို့ပါဟု သူမကဆိုသည်။ ''ထားထက်ထက်အနေနဲ့ ဒီလို အစီအစဉ်မှာ ပါဝင်ရတဲ့ အတွက် အရမ်းကို ဝမ်းသာမိ ပါတယ်။   ပထမနှစ်ခါ လာရိုက်တုန်းကကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံဖြစ်တဲ့ KBS မြန်မာနိုင်ငံရဲ့ ရိုးရာ အစားအစာ၊ ဓလေ့၊ မြန်မာ့တူရိယာ ပစ္စည်းတွေ၊ အဲဒါတွေကို ရိုက်ကူးပြီး  ဟိုနိုင်ငံမှာ ပြန်လွှင့် တယ်။ ကိုရီးယား နိုင်ငံက မြန်မာနိုင်ငံမှာ ခေတ်စားသလို မြန်မာနိုင်ငံက အလှအပ တွေနဲ့ မြန်မာမှုတွေကို ကိုရီးယားမှာ ပြန်လည် မြင်တွေ့စေချင်လို့ ဒီအစီအစဉ်လေးကို လက်ခံလိုက်တာပါ'' ဟု သူမက ပြောပြသည်။ ထားထက်ထက်သည် ကိုရီးယားနိုင်ငံ သို့သွားပြီး ထင်ရှားသည့် မြို့ကြီးလေးမြို့၌ ရိုက်ကူးမှုများကို ပြုလုပ်မည် ဖြစ်သည့်အတွက်  နှစ်ဖက်နိုင်ငံ၏ Tradatioများကို ပြန်ပြီး ဝေမျှ လုပ်ခွင့်ရသည့် အတွက်  အလွန် ဝမ်းသာမိကြောင်း သူမက ပြောပြသည်။
ထားထက်ထက်သည် ကိုရီးယားနိုင်ငံမှ ပြန်လည် ရောက်ရှိသည့် အချိန်မှ စတင်၍ သူမရိုက်ကူး ရန် ပြင်ဆင်ထားသည့်  ဇာတ်ကားကို  စတင် ရိုက်ကူးမည် ဖြစ်ကာ ကြော်ငြာများ  ရိုက်ကူးရန် လည်း  လက်ခံထားကြောင်း သိရသည်။     ။     

No comments:

Post a Comment

back to top