Wednesday, June 11, 2014

ထိုင်း ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ပြန်လည် သင့်မြတ်ရေး ကော်မတီ က ပြည်တွင်း အဖွဲ့အစည်း ၂ဝ မှ အကြီးအကဲများနှင့် တွေ့ ဆုံ ဆွေးနွေး 

ထိုင်း ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ပြန်လည်သင့်မြတ်ရေး ကော်မတီ(RCR) ညွှန်ကြားရေးမှူး လက်ထောက် ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Kampanart က အေဂျင်စီ ၂ဝ မှ အကြီးအကဲများကို ခေါ်ယူ၍ ဗန်ကောက်မြို့ရှိ ပြည်တွင်း လုံခြုံရေးလုပ်ငန်းစဉ် ဆိုင်ရာ ကွပ်ကဲမှု ဌာနချုပ် (ISOC) ၌ ဇွန် ၁ဝ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၌ NCPO ဥက္ကဋ္ဌ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ်ချန်အိုချာ အနေဖြင့် NCPO ၏ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် အဆင့် ၃ ဆင့် အနက် ဒုတိယ အဆင့် အတွက် သင့်လျော်သည့် အနေအထား တစ်ရပ် တည်ထောင်ရန် RCR အဖွဲ့အပေါ် မျှော်မှန်းထားကြောင်း၊ RCR အနေဖြင့်လည်း အဆိုပါ လုပ်ငန်းစဉ်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အကယ်၍ မိမိတို့ အနေဖြင့် ပြန်လည် သင့်မြတ်ရေး အတွက် သင့်လျော်သည့် ဝန်းကျင် တစ်ရပ်ကို  မဖန်တီး နိုင်ပါက လွန်စွာ ခက်ခဲမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း Kampanart က ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များမှာ ပြည်ထဲရေး ဝန်ကြီး ဌာနရှိ ဒေသန္တရနှင့် ပြည်နယ် အုပ်ချုပ်ရေးဌာနများ၊ ပညာရေး ဝန်ကြီးဌာနရှိ အလွတ်တန်း ပညာရေး ဆိုင်ရာရုံး၊ ပြည်တွင်းလုံခြုံရေး ကောင်စီ၊ ပြည်သူ့ ဆက်ဆံရေးဌာန၊ တော်ဝင် ထိုင်းရဲတပ်ဖွဲ့ရုံး၊ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ၊ စက်မှုလုပ်ငန်း ဝန်ကြီးဌာန၊ Prajadhipok ဘုရင့် ကောလိပ်၊ အမျိုးသား စာရင်းအင်း ဆိုင်ရာရုံး၊ တရားရေး ဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအရင်းအမြစ် ဝန်ကြီးဌာန၊ လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ထိုင်း ကျန်းမာရေး စောင့်ရှောက်မှု ဖောင်ဒေးရှင်း၊ အမျိုးသား ဗုဒ္ဓဘာသာရုံးနှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာနတို့မှ ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top