ရုရှားနိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းတော့မည့် ဘူဂေးလ်ရီးယားနိုင်ငံ
ဘူဂေးရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ဥရောပသမဂ်္ဂတို့ရဲ့ ဝေဖန်ချက်တွေ ထွက်ပေါ် လာပြီးတဲ့နောက်မှာ ရုရှားနိုင်ငံပိုင် ဆောက်စထရင်းဓာတ်ငွေ့ပိုက်လိုင်းနဲ့ လုပ်ငန်း လုပ်ဆောင်တာတွေကို
ရပ်ဆိုင်းထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။"ဘူဂေးရီးယားဝန်ကြီးချုပ် ပမ်မန်
အိုရက်စကီး"က ဘူဂေးရီးယားဟာ အမေရိကန်နဲ့ဥရောပသမဂ္ဂတို့ ဝေဖန်ချက်ကြောင့်
ရုရှားနိုင်ငံပိုင် ကုမ္ပဏီ ဆောက် စထရင်းနဲ့ လုပ်ကိုင်နေတဲ့
ဓာတ်ငွေ့ပိုက်လိုင်းဆိုင်ရာ ကိစ္စရပ်အားလုံးကို ရပ်ဆိုင်း ထားပြီဖြစ်တယ်လို့
အမေရိကန်လွှတ်တော် အမတ်တွေနဲ့တွေ့ဆုံရာမှာ ပြောကြားထားပါတယ်။
ဥရောပကော်မရှင်ဟာ ဘူဂေးရီးယားနိုင်ငံအနေနဲ့
ရုရှားနိုင်ငံနဲ့လက်ရှိလုပ်ဆောင်နေတဲ့ စီမံကိန်းကိုဆိုင်းငံ့ ထားဖို့အတွက်
ဘူဂေးရီးယားအာဏာပိုင်တွေကို ဒီလအစောပိုင်းတုန်းက
စာတစ်စောင်ပေးပို့ ခဲ့တာလည်းဖြစ်ပါတယ်။ ဥရောပကော်မရှင်က
ဘူဂေးရီးယားအာဏာပိုင်တွေဟာ ရုရှားစီးပွားရေး သမားတွေနဲ့
လုပ်ငန်းလုပ်ဆောင်တာဟာ ဥရောပကော်မရှင်ရဲ့ အများပြည်သူ ဆိုင်ရာ
ရောင်းဝယ်မှု ဥပဒေကို ချိုးဖောက်ရာရောက် နေတယ်လို့ ပြောကြားထားပါတယ်။
ဘူဂေးရီးယားဟာ ဥရောပကော်မရှင်အနေနဲ့ ရုရှားနိုင်ငံက
ယူကရိန်းနိုင်ငံအပေါ်မှာ လုပ်ဆောင်နေတဲ့ ပတ်သက်ပြီး ပြန်လည်တုန့်ပြန်တဲ့
အနေနဲ့အခုလို တားမြစ်တာဖြစ်တယ်လို့ အစောပိုင်းက ယူဆထားခဲ့ပါတယ်။
ရုရှားနိုင်ငံပိုင် Gasprom ကုမ္ပဏီဟာယူကရိန်းနိုင်ငံကနေ
ဓာတ်ငွေ့တင်ပို့မှုကို ရှာင်ရှားပြီး ဘော်ကလန်ကျွန်းစုတွေကနေ ဥရောပ
အနောက်ပိုင်းကို ဓာတ်ငွေ့တွေတင်ပို့တော့ မှာဖြစ်ပါတယ်။
ဒီစီမံကိန်းပြီးမြောက်သွားပါက ရုရှားနိုင်ငံဟာ ဘူဂေးရီးယား၊ဆားဘီးယား၊
ဟန်ဂေရီနဲ့ ဆလိုဗန်းနီးယားနိုင်ငံတွေကနေတစ်ဆင့် အီတလီနိုင်ငံကို
ဓာတ်ငွေ့ကုဗမီတာ(၆၃)ဘီလျံ ကို နှစ်စဉ် တင်ပို့နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
No comments:
Post a Comment