Wednesday, July 2, 2014

အီဂျစ်နိုင်ငံ သမ္မတရုံး အပြင် ဘက်တွင် ဖြစ်ပွား ခဲ့သော ပေါက် ကွဲမှု နှင့်စပ်လျဉ်း၍ လက်တုံ့ ပြန်မည်ဟု အီဂျစ် သမ္မတ စီစီ ပြောကြား 

အီဂျစ်နိုင်ငံ သမ္မတရုံး အပြင်ဘက်တွင် ဇွန် ၃ဝ ရက်က  ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း
သမ္မတ အဗ္ဗဒယ်လ် ဖာတာအယ်လ်စီစီက ကတိပြု ပြောကြားခဲ့သည်။ ဖြစ်ပွားပုံမှာ ရဲတပ်ဖွဲ့မှ ဗုံးရှင်းလင်းရေး ကျွမ်းကျင်ပညာရှင် များဖြစ်သော ရဲမှူးကြီး တစ်ဦးနှင့် ဒုတိယရဲမှူးကြီး တစ်ဦးတို့သည် ကိုင်ရိုမြို့ အရှေ့ဘက်ရှိ Ittihadeya  သမ္မတရုံး အပြင်ဘက် တွင် ထောင်ထားသော ဗုံးနှစ်လုံးကို စနက်တံဖြုတ်ရန်  ကြိုးပမ်းနေစဉ် ပေါက်ကွဲခဲ့ပြီး နောက် ၎င်းတို့ နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စီစီက ပြောကြားခဲ့သည်။

အစ္စလာမ်မစ်  စစ်သွေးကြွ အုပ်စုတစ်စုသည် ကိုင်ရိုမြို့ အရှေ့ဘက်ရှိ သမ္မတရုံး အနီးတွင် ဗုံးထောင်ထားခဲ့ သည်ဟု လွန်ခဲ့သောရက်များက သတိပေး ပြောကြားခဲ့ကြောင်း၊ ယင်းအုပ်စုသည် မော်စီလက်ထက်က တည်းက တိုက်ခိုက်မှုများ ကို ဦးဆောင် လုပ်ဆောင်ခဲ့သည့်  အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်ကြောင်း ၎င်းက  ဆက်လက် ပြောကြားခဲ့သည်။

 

No comments:

Post a Comment

back to top