Monday, June 2, 2014

မြေနီကုန်း ခုံးကျော် တံတားကို ၂ဝ၁၄ ခုနှစ် အတွင်း အပြီး တည်ဆောက်မည် 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေနီကုန်းလမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရန်အတွက် အိတ်ဖွင့် တင်ဒါ ခေါ်ယူလျက်ရှိပြီး၂ဝ၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးထံမှ သိရသည်။ မြေနီကုန်းလမ်းဆုံ ခုံးကျော် တံတားကို အရှည် မီတာ ၆၅ဝ (၂၁၃၂ ဒသမ ၆၅ ပေ) ၊တံတားအကျယ် ၁၄ ဒသမ ၅ မီတာ(၄၇ဒသမ ၆ ပေ) ဖြင့် လေးလမ်းသွား တည်ဆောက်သွားမည်ဖြစ်ပြီး ၇၅ တန် ခံနိုင်ရည်ရှိမည်ဖြစ်ကာ အနည်းဆုံး တစ်နာရီ မိုင် ၅ဝ မောင်းနှင်နိုင်ရန်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
တံတားနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်အချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား တင်ဒါပေးသွား မည်ဖြစ်ကြောင်းသိရသည်။ တင်ဒါလျှောက်ထားမည့် သူများအနေဖြင့် ဈေးနှုန်း အဆိုပြုလွှာနှင့်အတူ ဇူလိုင် ၃ဝ ရက် နောက်ဆုံးထားကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ထံသို့ တင်ပြရ မည် ဖြစ်ပြီး စိတ်ဝင်စားကြေး ငွေကျပ် သန်း ၁ဝဝဝ ပေးသွင်းရမည်ဖြစ်ကာ တင်ဒါအောင်မြင်ခြင်း မရှိပါက စိတ်ဝင်စား ကြေးကို ပြန်လည်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ မြေနီကုန်းသည်  ရန်ကုန်မြို့ အတွင်း၌ လူနေ ထူထပ်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရပြီး ယာဉ်ကြောပိတ်ဆို့မှု အမြဲဖြစ်ပေါ် သည့် နေရာတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။


 

No comments:

Post a Comment

back to top