၂၈ နှစ်မြောက် မွေးနေ့ကို ကိုယ့်ရပ်ရွာမှာ အလှူပြုလုပ် ခဲ့ တဲ့
အေးမြတ်သူ
၂ဝ၁၄
ခုနှစ် ဇွန် ၈ ရက်က ကျရောက်ခဲ့သည့် အေးမြတ်သူ၏ ၂၈ နှစ်ပြည့် မွေးနေ့တွင် သူမ၏
ရပ်ရွာဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး တောင်ဒဂုံမြို့နယ် ဒဂုံသီရိ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စာရေး ကိရိယာပစ္စည်းများကို သွားရောက်လှူဒါန်း
ခဲ့ကြောင်း သိရသည်။
''မွေးနေ့တွေ
ရောက်တိုင်း အလှူ လုပ်ဖြစ်ပါတယ်။ ကိုယ်တတ်နိုင်သလောက် ကိုပဲ လုပ်ခဲ့တယ်။ ဒီတစ်ခါ
မွေးနေ့က မွေးရက်မွေးနေ့ တိုက်ဆိုင် တဲ့နေ့လည်း ဖြစ်တယ်။ မွေးနေ့မှာ
ကိုယ့်ရပ်ရွာမှာ အလှူလုပ်ဖြစ်တဲ့ အတွက်လည်း အရမ်းဝမ်းသာပါတယ်။ ဒဂုံသီရိ
ကျောင်းမှာက ဆရာတော်ကြီးကို ဝတ္ထု ငွေကပ်မယ်။ ကျောင်းသား၊ ကျောင်းသူတွေကို
စာအုပ်တွေ၊ စာရေး ကိရိယာတွေနဲ့ မုန့်ဖိုး ၁ဝဝဝ စီ ပေးမယ်လို့ စီစဉ်ထားတယ်။
စာအုပ်မှာလည်း အမှတ်တရ ဖြစ်အောင် အေးမြတ်သူရဲ့ နာမည်ရေးထားတဲ့စာအုပ်လေးတွေ
ပေးမှာပါ။ နောက် ဆည်းဆာဂိလာနကို ငွေကျပ်သိန်း ၃ဝ လှူမယ်လို့ စီစဉ်ထား ပါတယ်'' ဟု
သူမက ပြောပြသည်။
No comments:
Post a Comment