Wednesday, May 7, 2014

နေပြည်တော်၌ Public Digital Library Service စက်များ 


မကြာမီ တပ်ဆင်မည်


လူငယ် လူရွယ်တို့၏ စာဖတ်ရှိန် တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက နေပြည်တော် ကောင်စီနယ်မြေ၌ Public Digital Library Service စက် ခြောက်လုံးကို မကြာမီ တပ်ဆင်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Public Digital Library Service စက်တစ်လုံးသည် ကီလိုမီတာ ၆၅ဝ ပတ်လည်သို့ Wifi စနစ် အသုံးပြု၍ စာအုပ်များ ဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးထားခြင်း ဖြစ်ပြီး Public Digital Library Service ကို အင်တာနက် ချိတ်ဆက်ထားရန် မလိုအပ်၍ မိမိဖုန်းနှင့် Tablet များရှိ အင်တာနက် Data Switch ကို ပိတ်ထားရမည်။ မိမိဖုန်း၊ Tablet နှင့် Notebook ရှိ Wifi Switch ကို On ပြီး moi-pdls.net အမည်ရှိ Hotspot ကို Connect ပြုလုပ် ရပါမည်။ ထို့နောက် Wed Browser Address Bar တွင် http;//moi-pdls.net ကို ရိုက်ထည့်လျှင် Library Page ပွင့်လာမည် ဖြစ်ပြီး မိမိ ဖတ်ရှုလိုသည့် စာအုပ်စာပေ အမျိုး အစားကို ဘယ်ဘက် Menu တွင် ရွေးချယ် ဖတ်ရှုနိုင်မည် ဖြစ်သည်။
စာအုပ်များတွင် Download Access ပေးထားသော စာအုပ်များနှင့် Read-Only Access ပေးထားသည့် စာအုပ်များ ဟူ၍ နှစ်မျိုးရှိမည် ဖြစ်ပြီး Download Access ပေးထားသည့် စာအုပ်များကို Download ပြုလုပ် သိမ်းဆည်း ထားနိုင်ပြီး Read Only Access ပေးထားသည့် စာအုပ်များကိုမူ Public Digital Library Service စက်ဖြင့် ဆက်သွယ်မှု ရှိနေသည့် ဧရိယာ အတွင်း၌သာ ဖတ်ရှုနိုင်မည် ဖြစ်သည်။
အသုံးပြုပုံ အသေးစိတ်ကို စက်များထားရှိသည့် နေရာများတွင် ဗွီနိုင်းထုတ်၍ ကပ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။
Public Digital Library Service စက်များကို နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင်တွင် ပျဉ်းမနား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်၊ ပျဉ်းမနားမြို့ ခုတင် (၂ဝဝ) ပြည်သူ့ဆေးရုံနှင့် လယ်ဝေးမြို့ ခုတင် (၁ဝဝ) ပြည်သူ့ဆေးရုံ တို့တွင် တပ်ဆင်သွားရန် လျာထားပြီး နေပြည်တော် ဘူတာကြီး၊ ကမ္ဘောဇဘဏ်နှင့် တပ်ကုန်းမြို့ ခုတင်(၁ဝဝ) ပြည်သူ့ဆေးရုံများ၌ တပ်ဆင်ရန် လျာထား ထားကြောင်း သိရသည်။   

No comments:

Post a Comment

back to top