Wednesday, May 7, 2014

အခမဲ့ကျင်းပပြုလုပ်သွားမည့် Miss Myanmar Internet အငြိမ့် ဖျော်ဖြေမှု

Zillion Business Servies Limited မှကြီးမှူးကျင်းပမည့် Miss Myanmar Internet အငြိမ့်ဖျော်ဖြေပွဲကို လာမယ့်ဇွန်လ(၁)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မေလ (၅)ရက်နေ့ Central Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရှိရသည်။ အဆိုပါ Miss Myanmar Internet အငြိမ့်ဖျော် ဖြေပွဲတွင် Miss Myanmar Internet များဖြစ်ကြသည့် နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့နဲ့အတူ နိုင်ငံကျော်ရုပ်ရှင် နဲ့ ဟာသ၀ါရင့် သရုပ်ဆောင်များဖြစ်ကြသည့် ကျော်ထူး၊ ကင်းကောင်၊ တိမ်ညွန့်၊ ငွေတောင်၊ ချစ်ညွန့်တို့မှ အခမဲ့ဖျော်ဖြေ တင်ဆက်ပေးသွားမှာဖြစ်သည်။
အဆိုပါဖျော်ဖြေပွဲကိုတော့  ဇွန်လ(၁)ရက်နေ့ ပြည်သူ့ဥယျာဉ်မှာ ည(၇)နာရီမှ ည(၁၁)နာရီအထိ ကျင်းပပြုလုပ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲကိုလာရောက် မကြည့်ရှုနိုင်သူများ အတွက်လည်း MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ref;mrtv-4

No comments:

Post a Comment

back to top