Wednesday, May 7, 2014



ပုံရိပ်များ ဗီစီဒီကို ထူးထူးခြားခြားဖြစ်စေချင်တယ်လို့ဆိုတဲ့ ရတနာမိုင်

မရှိလို့မဖြစ်၊ ပဖဗဘမ၊ ပုံရိပ်များ တေးစီးရီးထွက်ရှိထားတဲ့ ရတနာမိုင်ကို သူရဲ့ပုံရိပ်များ တေးစီးရီး ဗီစီဒီနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့မိုင်လေးပုံရိပ်များဗီစီဒီကိုထူးထူးခြားခြား ဖြစ်အောင်လို့ရိုက်ကူးသွားမယ်။
မိုင်လေး ရဲ့ ပုံရိပ်များ အခွေထဲက သီချင်းနှစ်ပုဒ်ဖြစ်တဲ့ မလွမ်းပိုနဲ့ အချစ်လို့ထင်တယ်ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို အရင် စရိုက်နေတယ်။ မလွမ်းပို သီချင်းလေးကိုတော့ ပရိသတ်တွေ အမြင်ဆန်းပြီး ထူးထူးဆန်းဆန်းလေး ဖြစ်အောင်လို့ ရိုက်ကူးနေပါတယ်။ မိုင်လေးအနေနဲ့ တစ်ကိုယ်တော် အနေနဲ့ တေးစီးရီးသုံးခွေ ထွက်ခဲ့ပေမယ့် ပဖဗဘမ တေးစီးရီးက တစ်ခြားထုတ်လုပ်သူနဲ့ စီစဉ်တာကြောင့် ဗီစီဒီထွက်ဖြစ်မလား၊ မထွက်ဖြစ်ဘူးလား ဆိုတာတော့ သေသေချာချာ မသိသေးပါဘူး။ 

မိုင်လေးအနေနဲ့ ဂီတဘက်အပြင် ဗီဒီယိုဇာတ်ကားရိုက်ကူး မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီ့ ဇာတ်ကား ရိုက်ကူးမှုတွေ ထဲကမှ ညှို့ချက်ပြင်းတယ် ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ ပရိသတ်တွေ အရမ်းအားပေး တာကို တွေ့ရပါတယ်။ ပရိသတ်တွေက မိုင်လေးကိုလည်း ဗီဒီယိုဇာတ်ကားတွေ ဆက်ရိုက် ဖို့ တောင်းဆိုနေကြတာကြောင့် မိုင်လေး ပုံရိပ်များ ဗီစီဒီရိုက်ကူးပြီး သွားရင် တော့ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေ ကိုလက်ခံသွားမှာပါ’လို့ သူမက ဆိုပါတယ်။
  


No comments:

Post a Comment

back to top