ပဲခူးမြို့နယ် ပေါက်တော်ကျေးရွာ လေဘေးသင့် ပြည်သူများအား
ပြည်ခိုင်ဖြိုး ပါတီ ထောက်ပံ့လှူဒါန်း
ပဲခူးမြို့နယ် ပေါက်တောကျေးရွာ၌ မေလ(၁) ရက် ညနေ ၆ နာရီက လေပြင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၅ လုံး ပြိုကျပျက်စီးသွားပြီး နေအိမ် ၉၇ လုံး ခေါင်မိုးသွပ်များ လေလန်သွားသည့်အပြင် ဘုရားကြီးမြို့ပေါ် မှ ပေါက်တောကျေးရွာသို့ သွယ်တန်းထားသော လျှပ်စစ်မီးဓာတ်တိုင်များ လဲကျ ကျိုးကျေ သွားခဲ့သည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြင်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမော်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင်၊ ဦးရဲမြင့်ထွန်းနှင့် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် ပဲခူး မြို့နယ် ကော်မတီဝင် များသည် ယင်းကျေးရွာသို့ သွားရောက်ပြီး လေဘေး သင့်ပြည်သူ အိမ်ထောင်စု ၁၉၂ စုအတွက် တစ်အိမ်ထောင်လျှင် ယမ်ယမ်ခေါက်ဆွဲထုပ် ၁၀ ထုပ်စီနှင့် အအေးပုလင်းများ ပေးဝေ လှူဒါန်းခဲ့ သည်။
ထို့အတူ ဘုရားကြီးမြို့ စေတနာရှင်များက ထမင်းထုပ် အထုပ် ၂၀၀၊ ပဲခူးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီး ဌာနက ကျား၊ မ လုံချည်၊ မျက်နှာသုတ်ပ၀ါ၊ ဆပ်ပြာများ၊ နန်းတော်ရာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အထောက်အကူပြုအဖွဲ့များ နှင့် အတူ စေတနာရှင်များက ဆန်အိတ် ၃၀၊ ပရဟိတ ဆရာတော် ဦးကိတ္တိက ဆန်အိတ် ၁၀ အိတ်တို့ကို ပေးဝေလှူဒါန်းကြသည်။
ပဲခူးတိုင်းဒေသကြီး အစိုးပ၇အဖွဲ့ကလည်း လေးဘေးသင့်ပြည်သူများ နေရေး၊ ထိုင်ရေး၊ စားသောက်ရေး တို့ကို ချက်ချင်းစီစဉ်ပေးသည့်အပြင် လျှပ်စစ် မီး ပြန်လည်မီးလင်းရေးအတွက် ပြိုလဲသွားသော ဓာတ်တိုင်များကို ပြန်လည် အစားထိုး စိုက်ထူးပေးပြီး သောက်သုံးရေးအတွက် ဘုရားကြီးမြို့နယ် မီးသတ်မှ ရေသယ်ယာဉ်ဖြင့် လာရောက် ပေးဝေကြောင်း သိရသည်။
No comments:
Post a Comment