Miss
Universe Myanmar 2013 အလှမယ် မိုးစက်ဝိုင်က ဆိပ္ဖူး တောင် လူငယ် ဖွံ့ဖြိုးရေး ပရဟိတ
ဂေဟာက အခုနှစ်
တက္ကသိုလ် ဝင်တန်း တက် ရောက် မယ့်ကျောင်းသား၊ ကျောင်းသူ ၃ဦးကို စကောလားရှစ် အနေနဲ့
ပညာ သင်စရိတ် ထောက်ပံ့ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
တက္ကသိုလ် ဝင်တန်း အတွက် ပညာသင် စရိတ်ထောက်ပံ့ဖြစ်ပုံကို မိုးစက်ဝိုင်က “ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေး ဂေဟာက တက္ကသိုလ်ဝင်တန်း တက်မယ့် အမှတ် အများဆုံး ၃ဦးကို ကျောင်းထားပေး မှာပါ။ ဘုန်းဘုန်း ကိုတော့ ၃ယောက် ရွေးချယ်ပေးဖို့ ပြောထားပါတယ်။ ဆယ်တန်းကိုပဲ ရွေးချယ်ဖြစ်တဲ့ အဓိက အကြောင်းအရင်း က တော့ ကလေး တစ်ယောက်က တအား ငယ်နေရင် ကိုယ့် ကိုယ်ကိုယ် မထိန်း နိုင်တာတွေလည်း ရှိတတ် တယ်လေ။

ဆယ်တန်း ဆိုတာ မြန်မာနိုင်ငံမှာ တအား အရေးကြီးတဲ့ စာမေးပွဲ
တစ်ခုပေါ့။ မိုးစက်တို့ ခေတ်တုန်းက ဆိုရင် ဘဝကို ဆုံးဖြတ်ပေးတဲ့ စာမေးပွဲကြီး တစ်ခုလိုဖြစ်ခဲ့တယ်။
ဆယ်တန်းက ဘော်ဒါ ဆောင်တွေ လည်းရှိ တယ်။ မိုးစက် အနေနဲ့ ကလေး တစ်ယောက်ကို အမြဲတမ်း ချည်း
သွားမကြည့်နိုင်တဲ့ အချိန်မှာ ကိုယ့်ကိုယ်စား ကြည့်ပေးနိုင်တဲ့သူ လုံခြုံမှု၊ ပေးနိုင်မယ့်
အဲဒီလို အစစ အရာရာ အဘက်ဘက် က စဉ်းစားပြီး ဆယ်တန်းကိုပဲ ရွေးချယ်လိုက်တာပါ။
ဒီကလေးတွေက သေသေချာချာ ကြိုးစားပြီးတော့ သူတို့ဘဝ အတွက်
အထောက် အကူပြုနိုင် မယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် သူတို့သာ အောင်မြင် သွားမယ်ဆိုရင်
တခြား ကလေးတွေ အပေါ်မှာလည်း လွှမ်းမိုးနိုင်မယ်။ ငါကြိုးစားရင် ငါ့အတွက် အခွင့်အရေး ဆိုတာ
ပေါ်လာနိုင်မယ်။ ဘာ အခွင့်အရေး မှန်းမသိပေမယ့် လူဆိုတာ ကြိုးစားဖို့ အဓိကပဲ ဆိုတာကို
မိုးစက် ပြောချင်တာပါ” လို့ ပြောပါတယ်။
ကျောင်းထားပေး မယ့် ဘော်ဒါကို တော့ ရွေးချယ်နေ ဆဲပဲ ဖြစ်ကြောင်း
မိုးစက်ဝိုင်က ပြောပါတယ်။

No comments:
Post a Comment